မေဝယ်သာက တရုတ်အိုလံပစ်လက်ဝှေ့အဖွဲ့ရဲ့ အထူးအကြံပေးအဖြစ်တာဝန်ယူ

67451662_2496158750415030_5078822037523267584_o.jpg

လက်ဝှေ့လောကကနေအနားယူခဲ့တဲ့ အမေရိကန်လက်ဝှေ့သမား မေဝယ်သာက တရုတ်နိုင်ငံ အိုလံပစ်လက်ဝှေ့အဖွဲ့ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့ တရုတ်လက်ဝှေ့အဖွဲ့ချုပ်က ပြောပါတယ်။ အသက် (၄၂) နှစ်အရွယ်ရှိပြီး ဝိတ်တန်း(၅) တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ မေဝယ်သာဟာ ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့ တရုတ်လက်ဝှေ့အဖွဲ့ကို ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် အေသင်အိုလံပစ်ပြိုင်ပွဲမှာ တရုတ်လက်ဝှေ့သမား ကျိုးရှီမင်းက တရုတ်နိုင်ငံအတွက် ပထမဆုံးလက်ဝှေ့ဆုတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် ပြိုင်ပွဲမှာတော့ တရုတ်လက်ဝှေ့အဖွဲ့က လက်ဝှေ့ဆုတံဆိပ် (၄) ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပွဲတိုင်းနိုင်လက်ဝှေ့သမား မေဝယ်သာဟာ ၂၀၁၇ ခုနှစ်က UFC ကိုယ်ခံပညာရှင် မက်ဂရီဂေါ်ကိုအနိုင်ရခဲ့ပြီးနောက်ပိုင်း လက်ဝှေ့လောကကနေ တတိယအကြိမ်မြောက် အနားယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁) ရက်မှာ ဂျပန်ကစ်ဘောင်ဆာသမား နာဆုကာဝါကို သက်သောင့်သက်သာအနိုင်ယူပြီး အမေရိကန်ဒေါ်လာ (၉) သန်းလောက် ရှာနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top