အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့စွပ်စွဲမှုအတွက် ရော်နယ်ဒို စွဲချက်တင်ခံရမှာမဟုတ်

67538925_2496158553748383_7193679060948484096_o.jpg

လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခဲ့တယ်လို့စွပ်စွဲခံခဲ့ရတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ စွဲချက်တင်ခံရမှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရရှေ့နေတွေက ပြောပါတယ်။ ၂၀၀၉ ခုနှစ်မှာ ရော်နယ်ဒိုက အမေရိကန်နိုင်ငံ မြို့ဟိုတယ်မှာ သူ့ကိုအဓမ္မပြုကျင့်ခဲ့တယ်လို့ အသက် (၃၄) နှစ်အရွယ်အမျိုးသမီး မေယော်ဂါက ပြောပါတယ်။

မေယော်ဂါက အဲဒီအကြောင်းကိုထုတ်မပြောဘူးလို့ကတိပြုခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ (၃၇၅၀၀၀) နဲ့ တရားရုံးပြင်ပ ညှိနှိုင်းကျေအေးမှုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ #MeToo လှုပ်ရှားမှုကို အားကျပြီး ၂၀၁၈ ခုနှစ်မှာ အမှုပြန်ဖွင့်ခဲ့တာလို့ မေယော်ဂါကပြောပါတယ်။ မေယော်ဂါရဲ့ စွပ်စွဲချက်တွေခိုင်လုံတယ်ဆိုတာ သက်သေမပြနိုင်ဘူးလို့ လက်စ်ဗီးဂတ်စ်မြို့ အစိုးရရှေ့နေတွေကပြောပါတယ်။

မေယော်ဂါဟာ ၂၀၀၉ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရတဲ့အကြောင်းတိုင်ကြားခဲ့ပေမဲ့ အခင်းဖြစ်ပွားတဲ့နေရာနဲ့ ကျူးလွန်သူကိုဖော်ပြဖို့ ငြင်းဆန်ခဲ့တယ်လို့ ကလက်ခ်ကောင်တီခရိုင်ရှေ့နေရုံးက ပြောပါတယ်။ ၂၀၀၉ ခုနှစ်က လက်စ်ဗီးဂတ်စ်မြို့မှာ မေယော်ဂါနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို ရော်နယ်ဒိုက မငြင်းခဲ့ပေမဲ့ သူတို့နှစ်ယောက်ကြားဖြစ်ပျက်ခဲ့တာက နှစ်ဦးသဘောတူဆန္ဒလို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ အဲဒီအချိန်တုန်းက ရီးရဲလ်ကိုပြောင်းလက်စ်ဗီးဂတ်ရွှေ့လုဆဲဆဲဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top