ချီးကျူးဂုဏ်ပြုထိုက်တဲ့ ရွှေပြည်သာက တက္ကစီသမားရဲ့ ရိုးသားတဲ့စိတ်ဓာတ်

yyl-1-10-001.jpg

လူတစ်ယောက်ဟာ အကျင့်စာရိတ္တကောင်းရင် အဲဒီလူကို လူအများက လေးစားဂုဏ်ယူကြသလို အဲဒီလူမျိုးက ဘယ်နေရာပဲရောက်ရောက်ဒုက္ခမရောက်နိုင်ပါဘူး။ ရိုးသားပြီး အကျင့်စာရိတ္တကောင်းတဲ့သူက အခုခေတ်မှာ ခက်ရှားရှားပါပဲ။ အကျင့်စာရိတ္တကောင်းပြီး ချီးကျူးဂုဏ်ပြုထိုက်တဲ့သူတွေထဲမှာ ရွှေပြည်သာက တက္ကစီသမားတစ်ယောက်လည်း အပါအဝင်ပါ။

မနေ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ အကောင့်ပိုင်ရှင် Justin Htet Paing တင်ထားတဲ့ပို့စ်တစ်ခုကို တွေ့ခဲ့ပါတယ်။ Justin Htet Paing တင်ထားတာက Myanmar Plaza ကို ငှားစီးသွားတဲ့ကားပေါ်မှာ ဖုန်းမေ့ကျန်ခဲ့တာ သတိရလို့ဖုန်းဆက်တော့ ရိုးသားစွာ Myanmar Plaza အထိပြန်လာပေးတဲ့ (BB-2841) Probox အမည်ကိုကျော်သူရ ရွှေပြည်သာမှာနေပါတယ်ဆိုတဲ့ပို့စ်လေးပါပဲ။

သူလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေတစ်သိန်းပေးတာမယူတဲ့အတွက် အတင်းပေးလိုက်ရတယ်ဆိုတဲ့အကြောင်း၊ ကိုကျော်သူရရဲ့ရိုးသားတဲ့စိတ်ဓာတ်ကို လေးစားအသိအမှတ်ပြုကြောင်းကိုလည်း ရေးသားထားပါသေးတယ်။ ပို့စ်မှာပဲ ရွှေပြည်သာက တက္ကစီသမား ကိုကျော်သူရရဲ့ဖုန်းနံပါတ် ၀၉၇၇၂၇၇၂၈၉၇ ကိုလည်း အများသိအောင်မျှဝေပေးထားပါတယ်။ တက္ကစီပေါ်ပါသွားတဲ့ဖုန်းက တန်ဖိုးကြီးဖုန်းအမျိုးအစားဖြစ်ပြီး အဲဒီဖုန်းကို ပြန်လာပေးတဲ့ကိုကျော်သူရရဲ့စိတ်ဓာတ်က မလေးစားဘဲ မနေနိုင်လောက်အောင်ပါပဲ။

တက္ကစီသမားကိုကျော်သူရရဲ့ရိုးသားတဲ့စိတ်ဓာတ်က လေးစားဂုဏ်ပြုထိုက်သလို စံနမူနာကောင်းအဖြစ် လူအများအတုယူထိုက်ပါတယ်။ ကိုကျော်သူရရဲ့ရိုးသားတဲ့စိတ်ဓာတ်ကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေကလည်း ချီးကျူးပြောဆိုနေကြပြီး ဖုန်းဘေလ်ထည့်ပေးတာတွေ၊ ဖုန်းမက်ဆေ့စ်ကနေ လေးစားကြောင်း ပို့တဲ့စာတွေလည်းရှိနေပါတယ်။ တက္ကစီသမားကိုကျော်သူရလို စိတ်ဓာတ်မျိုး လူတိုင်းထားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Ref: Justin Htet Paing’s facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top