မလေးရှားနိုင်ငံတွင် နိုင်ငံတကာအတွေ့အကြုံများ ရယူခဲ့သည့် Yangon Galacticos နှင့်အတူ မြန်မာ PUBG MOBILE Esports အသင်း၏ နိုင်ငံတကာစင်မြင့်ပေါ် မှ ခြေလှမ်းများ

pup3.webp

2026 PMGO S2 SEA Finals ပွဲစဉ်များကို စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Yangon Galacticos (YG) အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ မြန်မာ Esports အသင်းများ၏ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မှုကို ထင်ဟပ်ပြသနိုင်ခဲ့သည်။

PUBG MOBILE ၏ အရှေ့တောင်အာရှဒေသတွင်း ပြိုင်ပွဲတစ်ခုဖြစ်သည့် 2026 PMGO S2 SEA Finals ကို စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး ဒေသတွင်းနိုင်ငံများမှ အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းလဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ Esports အသင်းများ၏ ဒေသတွင်းနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မှုကို ထင်ဟပ်ပြသနိုင်ခဲ့သည်။

Yangon Galacticos (YG) အသင်းသည် ဩဂုတ်လ ၃၀ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် 2026 PMCL SEA Fall ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်လဲ တိုက်ရိုက်ဖိတ်ကြားချက် ရရှိခဲ့ကာ ပွဲစဉ်များအပြီးတွင် ချန်ပီယံဆုကို ရယူသိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်များပြီးဆုံးပြီးနောက် YG အသင်းသည် ဒေသတွင်းအဆင့် 2026 PMGO S2 SEA Finals သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်တက်လှမ်းခဲ့ခြင်းဖြစ်သည်။

2026 PMGO S2 SEA Finals ပြိုင်ပွဲတွင် အရှေ့တောင်အာရှဒေသတွင်းရှိ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ထိပ်တန်း PUBG MOBILE အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါပြိုင်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံကိုယ်စားပြု YG အသင်းသည် ဒေသတွင်း ပြိုင်ဘက်အသင်းများထံမှ အတွေ့အကြုံသစ်ကောင်းများစွာ ရရှိခဲ့ပြီး ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်။

“2026 PMGO S2 SEA Finals လို ဒေသတွင်းအဆင့် ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာက ကျွန်တော်တို့အသင်းအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဒေသတွင်းအသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်ရင်း ကိုယ့်အသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပိုပြီးတိုးတက်ဖို့ လိုအပ်တဲ့အရာတွေကို သိရှိခွင့်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မကြာခင် သွားရောက်ယှဉ်ပြိုင်မဲ့ Asian Games မှာလဲ ပိုမိုကောင်းမွန်တဲ့ result တွေရရှိအောင် ဆက်လက်ကြိုးစားသွားမှာပါ။” ဟု Yangon Galacticos အသင်း၏ Coach ဖြစ်သူ Nicky မှ ပြောကြားခဲ့သည်။

PUBG MOBILE ၏ Country Manager ဖြစ်သူ Aman Kumar က “Yangon Galacticos အသင်းအနေနဲ့ ဒေသတွင်းအဆင့် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ 2026 PMGO S2 SEA Finals မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုလိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှုကနေတစ်ဆင့် မြန်မာကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေရရှိစေသလို သူတို့ရဲ့ အရည်အချင်းတွေကို ပိုပြီးတိုးတက်လာစေဖို့ အခွင့်အလမ်းကောင်းတွေလဲ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ PUBG MOBILE အနေနဲ့လဲ မြန်မာ့ Esports အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် မြန်မာ PUBG MOBILE အသင်းများ ပါဝင်ယှဉ်ပြိုင်လာနိုင်ခြင်းသည် ပြည်တွင်း Esports ကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်သည်။ PUBG MOBILE အနေဖြင့် မြန်မာ Esports အသိုက်အဝန်း ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းရှိသည့် ကစားသမားများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိစေရန် ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်သည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top