ထောင့်မှန်စတုဂံပုံကျနေတဲ့ အန္တာတိက ရေခဲစိုင်ကြီး တစ်ခုကို နာဆာတွေ့ရှိ

44650976_1195223623962715_940844587990122496_n.jpg

ဝင်ရိုးစွန်း ရေခဲပြင်ရဲ့ ပြောင်းလဲမှုကို စောင့်ကြည့်ထိန်းသိမ်းဖို့အတွက် “Operation IceBridge” ဆိုတဲ့ မစ်ရှင်တစ်ခုကို နာဆာက ဆောင်ရွက်ပြီး ဒီမစ်ရှင်ရဲ့ တာဝန်တစ်ရပ်အနေနဲ့ အန္တာတိက ရေခဲစိုင်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

အဲဒီအခါ ပြန့်ကျဲမျောပါနေတဲ့ရေခဲတုံးတွေကြားမှာ ထောင့်မှန်စတုဂံပုံကျကျ ဖြတ်ထားတယ်လို့ ထင်ရလောက်တဲ့ ရေခဲစိုင်ကြီးကို နာဆာက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။

ရေခဲစိုင်လို့စဉ်းစားလိုက်ရင် ကျွန်တော်တို့ထင်တာက အချွန်အတက်တွေနဲ့ ခုံးခုံးကြီးဖြစ်ပြီး ရေမျက်နှာပြင်အောက်ကနေ အပေါ်ကို ထိုးထွက်နေတာမျိုးပေါ့။ ဒီလိုရေခဲစိုင်တွေက non-tabular အမျိုးအစားထဲမှာပါပြီး တစ်နည်းအားဖြင့် ဒေါင်လိုက် အလျားလိုက်ကျကျ မဖြစ်တဲ့ ပုံပျက်ရေခဲစိုင်တွေလို့ ခေါ်ပါတယ်။

ဒါနဲ့ ဆန့်ကျင်ဘက် tabular icebergs ကတော့ ရေခဲပြား အထူကြီးဖြစ်ပြီး ဘေးပတ်ပတ်လည်က ထောင့်မှန်ကျနေတာမျိုးပါ။ ဒီလိုရေခဲစိုင်မျိုးဟာ လက်သည်း အရှည်ထားပြီး လက်သည်းကျိုးသွားတဲ့အခါ တိတိရိရိလေး ပဲ့ထွက်သွားတဲ့ ပုံစံမျိုးဖြစ်တယ်လို့ မယ်ရီလန်း တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက ဆိုပါတယ်။ ဒီလိုရေခဲတုံးမျိုးက အရွယ်အစားကြီးမားပြီး စတုရန်း ကီလိုမီတာ ထောင်နဲ့ချီ ရှိနိုင်သလို အကြီးဆုံး ရေခဲစိုင်ကတော့ စတုရန်းကီလိုမီတာ ၁၁,၀၀၀ ထိရှိနိုင်တာ ဖြစ်ပါတယ်။

Ref: 9gag “NASA found nearly perfect rectangular iceberg in Antarctica”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply