၂၀၂၁ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးကိုရီးယားအနုပညာရှင်ဖြစ်လာခဲ့တဲ့ ဂျွန်ဂျီဟွန်

6-9-2021-yyl9.jpg

အသက် ၄၀ အရွယ်လို့လည်း မထင်ရလောက်အောင် နုပျိုလှပတဲ့ ကိုရီးယားနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမော်ဒယ်မင်းသမီး ဂျွန်ဂျီဟွန်းဟာ အခုနှစ်ရဲ့ဝင်ငွေအမြင့်ဆုံးကိုရီးယားအနုပညာဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာ ဂျွန်ဂျီဟွန်းရဲ့ ဝင်ငွေက ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၄.၇ သန်းရှိပါတယ်။ မင်းသားချော ကင်ဆိုဟွန်း၊ Running Man အဖွဲ့ဝင် ယူဂျယ်ဆော့တွေထက် ဝင်ငွေပိုများတယ်လို့သိရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့က ထွက်ရှိခဲ့တဲ့ သတင်းတွေအရ မင်းသမီး ဂျွန်ဂျီဟွန်းက သူ့ရဲ့ကြော်ငြာစာချုပ်တစ်ခုကို နှစ်စဉ် ဝမ် ၁ ဘီလျံ ဝင်တယ်လို့သိရပါတယ်။ အခုနှစ်မှာတော့ ဂျွန်ဂျီဟွန်းက ကုန်ပစ္စည်းတံဆိပ် (၁၆) ခုအတွက် ကြော်ငြာပေးရပါတယ်။ အဲဒါတွေကြောင့် အခုနှစ်ရဲ့ဝင်ငွေက စုစုပေါင်း ကန်ဒေါ်လာ ၁၇.၇ သန်း (ဝမ် ၁၇ ဘီလျံ) ဖြစ်လာခဲ့တာပါ။

မင်းသားကင်ဆိုဟွန်းကတော့ ကိုရီးယားနိုင်ငံရဲ့ဝင်ငွေအမြင့်ဆုံးအနုပညာရှင်စာရင်းမှာ ကန်ဒေါ်လာ ၁၁.၂ သန်း (ဝမ် ၁၃ ဘီလျံ ) နဲ့ ဒုတိယ ဖြစ်ပြီး ယူဂျယ်ဆော့က ကန်ဒေါ်လာ ၈.၆ သန်း (ဝမ် ၁၀ ဘီလျံ) နဲ့ နံပါတ် ၃ နေရာမှာဖြစ်ပါတယ်။ မင်းသားဆောင်ဂျွန်ကီက ကန်ဒေါ်လာ ၆.၉ သန်း (ဝမ် ၈ ဘီလျံ) နဲ့ နံပါတ် ၄ နေရာ၊ လီဆန်ကီက ကန်ဒေါ်လာ ၆ သန်း (ဝမ် ၇ ဘီလျံ)နဲ့ နံပါတ် ၅ နေရာ၊ ရှင်ဒုံယပ်က ကန်ဒေါ်လာ ၄.၃ သန်း (ဝမ် ၅ ဘီလျံ) နဲ့ နံပါတ် ၆ နေရာ၊ မင်းသမီး ဆောင်ဟေဂိုက ကန်ဒေါ်လာ ၃.၄ သန်း (ဝမ် ၄ ဘီလျံ) နဲ့ နံပါတ် ၇နေရာ အသီးအသီးရပ်တည်နေပါတယ်။

Ref: Allkpop “Jun Ji Hyun is the highest-earning celebrity in Korea this year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top