လာမယ့်ရာသီအတွက် စည်းမျဉ်းပြောင်းလဲမှုကို ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကြေညာ

66857667_2483411778356394_1344380623992651776_n.jpg

လာမယ့်ရာသီကစပြီး အသင်းတွေကိုအဆင့်သတ်မှတ်ရာမှာ အသင်း(၂) သင်းကြား ထိပ်တိုက်တွေ့ဆုံမှုကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ အသင်း (၂) သင်းကြား အမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ သွင်းဂိုးတူနေရင် သူတို့(၂)သင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ဖို့ အသင်း (၂) သင်းကြား ထိပ်တိုက်တွေ့ဆုံမှုရလဒ်ကိုကြည့်မှာပါ။ ပြီးခဲ့တဲ့ရာသီတွေတုန်းကတော့ အသင်း (၂) သင်းကြား အမှတ်တူ၊ ဂိုးကွာခြား ချက်တူ၊ သွင်းဂိုးတူနေရင် အဆုံးအဖြတ်ပွဲစဉ်တစ်ပွဲကစားခိုင်းပြီး ဆုံးဖြတ်ဖို့စီစဉ်ခဲ့တာပါ။

ဒါပေမဲ့ စည်းမျဉ်းသစ်ပြောင်းလဲမှုအရ အဆုံးအဖြတ်ပွဲစဉ်ကစားစရာမလိုလောက်တဲ့ အနေအထားဖြစ်လာပါပြီ။ အသင် း(၂) သင်းကြား အမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ သွင်းဂိုးတူနေသလို ထိပ်တိုက်တွေ့ဆုံမှုမှာပါရမှတ်တူနေရင် အဝေးဂိုးစည်းမျဉ်းနဲ့ဆုံးဖြတ်မှာဖြစ်ပြီး အဝေးဂိုး များများသွင်းနိုင်တဲ့ အသင်းကို အသာပေးမှာပါ။ အဲဒီလိုအခြေအနေတွေ အားလုံးတူနေရင်တော့ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကြားကွင်းမှာ အဆုံးအဖြတ် ပွဲစဉ်ကစားခိုင်းမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top