အမေရိကန်နိုင်ငံသား နာမည်ကျော်တောင်တက်သမား တောင်ကမ်းပါးယံက ပြုတ်ကျသေဆုံး

yyl-007-4.jpg

လုံခြုံရေးကိရိယာ တပ်ဆင်ခြင်းမရှိဘဲ တစ်ကိုယ်တော် တောင်တက်လေ့ရှိတဲ့ နာမည်ကျော် တောင်တက်သမား ဂိုးဘရိုက်ဟာ တောင်ကမ်းပါးယံကနေ ပြုတ်ကျလို့ သေဆုံးသွားခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ ဂိုးဘရိုက်ဟာ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း အယ်ပေါ်တာရိုချီကိုတောင်မှ အမြင့်ပေ ၁,၀၀၀ ကနေ ပြုတ်ကျသေဆုံးခဲ့တာပါ။

ဂိုးဘရိုက်နဲ့အတူ တောင်တက်ခဲ့တဲ့ အပေါင်းအဖော် ဂျက်ကော့ဆန်ကတော့ အနိမ့်ပိုင်းကနေ ပြုတ်ကျခဲ့လို့ ဒဏ်ရာရခဲ့ပါတယ်။ ဂိုးဘရိုက်နဲ့ ဂျက်ကော့ဆန်တို့ဟာ Simul-rappelling ဆိုတဲ့ နည်းစနစ်နဲ့ တောင်ကမ်းပါးယံကနေ လျှောဆင်းခဲ့ကြတာပါ။ အဲဒီနည်းစနစ်အရ ကြိုးတစ်ချောင်းကို ကမ်းပါးထိပ်မှာ ဆိုင်းထားပြီး တောင်တက်သမားနှစ်ယောက်က ကြိုးစ တစ်စစီခိုပြီး ခန္ဓာကိုယ်အလေးချိန်ချင်း ဟန်ချက်ထိန်းရင်း လျှောဆင်းကြတာပါ။

ကမ်းပါးထိပ်မှာ ကြိုးဆိုင်းထားပြီး ကမ်းပါးယံကနေ လျှောဆင်းတဲ့ နည်းလမ်းဟာ တောင်တက်သမားတွေ သေဆုံးရတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ ဒီဖြစ်ရပ်မှာ ဂျက်ကော့ဆန်က ကျောက်သားပေါ် ပြုတ်မကျခင် ချုံပုတ်တစ်ခုပေါ်ကို ပြုတ်ကျခဲ့လို့ အကျသက်သာခဲ့တာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top