အိုဇာတာမကောင်းရှာတဲ့ သီရိလင်္ကာကဆင်အိုတစ်ကောင်

elephant03.jpg

ပုံမှာတွေ့ရတဲ့ ဆင်က အသက် (၇၀) အရွယ်ဆင်မကြီး တီကီရီ (Tikiri) ဖြစ်ပါတယ်။ အဲဒီအသက်အရွယ်လူသားတစ်ဦးအနေနဲ့ဆိုရင် ဘယ်လိုခက်ခဲပင်ပန်းတဲ့အလုပ်မျိုးကိုမှ လုပ်ဆောင်ရတာမျိုးမရှိနိုင်တော့ပါဘူး။ တီကီရီ ကတော့ သီရိလင်္ကာနိုင်ငံ၊ ကန်ဒီဒေသမှာ ဇူလိုင်လတိုင်းကျင်းပတဲ့ အက်စာလာ ပီရာဟယ်ရာ (Esala Perahera) ပွဲတော်မှာ (၁၀) ညဆက်တိုက်ဖျော်ဖြေပေးရလေ့ရှိပါတယ်။
ဆင်ထိန်းတွေက တီကီရီရဲ့ အရိုးပေါ်အရေတင်သွင်ပြင်ကို ကြည့်ရှုသူတွေမရိပ်စားမိအောင် လှပတဲ့အရောင်စုံအဆင်တန်ဆာတွေဆင်ယင်ပေးပြီး ဖုံးကွယ်ခဲ့ကြပါတယ်။ တီကီရီဟာ လူတွေကို ကီလိုမီတာများစွာလမ်းလျှောက်ပြီး ဖျော်ဖြေပေးနေခဲ့ရတာပါ။ စူးရှတောက်ပတဲ့မီးအလင်းရောင်တွေကလည်း ပင်ပန်းနွမ်းနယ်နေတဲ့ဆင်တစ်ကောင်ရဲ့မျက်လုံးတွေကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း ဆင်ကယ်ဆယ်စောင့်ရှောက်နေတဲ့အဖွဲ့အစည်းတစ်ခုက ပြောခဲ့ပါတယ်။

တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (PETA) ရဲ့ဒါရိုက်တာ အယ်လစ်ဆာ အယ်လင် (Elisa Allen) အပါအဝင်တိရိစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ သီရိလင်္ကာအာဏာပိုင်တွေကို အခုလို အညှာတာကင်းမဲ့ပြီးရက်စက်တဲ့လုပ်ရပ်တွေမလုပ်ဆောင်ဖို့ တိုက်တွန်းထားကြပါတယ်။

Ref: CGTN “Thin show elephant in Sri Lanka causes concern worldwide”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

One Reply to “အိုဇာတာမကောင်းရှာတဲ့ သီရိလင်္ကာကဆင်အိုတစ်ကောင်”

Leave a Reply

scroll to top