နောက်မျိုးဆက်ကို စောင့်ကြည့်ရမယ့် ဖိလစ်ပိုင်ဆီးဂိမ်း

localnews01.jpg

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ပဏာမကစားသမား ၃၆ ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီ ၃၆ ဦးစာရင်းမှာ အောင်သူ၊ မောင်မောင်လွင်နဲ့ နန္ဒကျော်တို့မျိုးဆက်က ကစားသမားတွေ မပါဝင် လာခဲ့တဲ့အတွက် ဖိလစ်ပိုင်ဆီးဂိမ်းဟာ နောက်မျိုးဆက်ကို စောင့်ကြည့်ရမယ့် ဆီးဂိမ်း ဖြစ်လာပါတယ်။

အခုထုတ်ပြန်လိုက်တဲ့စာရင်းမှာ မြန်မာလိဂ်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။ ယူ-၂၁၊ ယူ-၂၀ လူငယ်လိဂ်က မျက်နှာသစ်ကစားသမားအချို့လည်း ပါဝင်လာတာကို တွေ့ရ ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲစည်းမျဉ်းအရ ယူ-၂၃ အထက် ကစားသမား ၅ ဦးအထိ စာရင်းသွင်းထားနိုင်ပြီး နောက်ဆုံး လူစာရင်းမှာ ၂ ဦး အသုံးပြုခွင့်ရှိနေပေမယ့် လူငယ်တွေကိုပဲ ဦးစားပေး ရွေးချယ်ထားပါတယ်။ တစ်နည်းပြောရရင် လူငယ်အသားပေးအသင်းဖွဲ့စည်းဖို့ ကြိုးပမ်းချက်ဖြစ်ပါလိမ့်မယ်။
ဆီးဂိမ်းအတွက် စခန်းသွင်းလေ့ကျင့်မယ့် မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယား နိုင်ငံသား ပိုပေါ့က ကိုင်တွယ်မှာဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဦးချစ်နိုင်နဲ့ ဦးဇော်ဝင်းထွန်းတို့က ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အခုလို ပဏာမရွေးချယ်ထားတဲ့ ကစားသမား ၃၆ ဦးဟာ ဒီနေ့(သြဂုတ် ၁၉ ရက်)မှာ စတင်ပြီး စခန်းသွင်း လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအကြိုပြင်ဆင်မှုအနေနဲ့ အောက်တိုဘာလမှာ ကာတာနိုင်ငံကို ခြေစမ်းပွဲခရီးစဉ် သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် အခုဆီးဂိမ်းဟာ အကြိမ် ၃၀ မြောက် ဆီးဂိမ်းဖြစ်ပြီးတော့ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါတယ်။

ဒါပေမဲ့ ဘောလုံးပြိုင်ပွဲတွေကိုတော့ နိုဝင်ဘာ ၂၅ ရက်ကတည်းက စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပဏာမ မြန်မာ ယူ-၂၃ အသင်း လူစာရင်း
ဂိုး – ဆန်းဆက်နိုင်၊ ထွန်းနန္ဒဦး၊ ဘုန်းသစ္စာမင်း၊ စိုးအာကာ၊ ဇင်ညီညီအောင်။
နောက်တန်း – ဇင်ရဲနောင်၊ သူရိန်စိုး၊ အောင်ဝဏ္ဏစိုး၊ ထူးခန့်လွင်၊ စိုးထက်ဝင်း၊ ကျော်ဖြိုးဝေ၊ ရဲရင့်အောင်(၁)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ကျော်သူထွန်း၊ သန်းထိုက်ဇင်။
အလယ်တန်း – ပြည့်မောင်မောင်၊ ကျော်မျိုးနိုင်၊ မျိုးမင်းဖြိုး၊ မင်းမြတ်စိုး၊ လွင်မိုးအောင်၊ နေမိုးနိုင်၊ ဇင်မင်းထွန်း၊ မြတ်ကောင်းခန့်၊ ဝေလင်းအောင်၊ အောင်နိုင်ဝင်း၊ ကောင်းထက်စိုး၊ စိုးလွင်လွင်။
ရှေ့တန်း – အောင်ကောင်းမာန်၊ ပြည့်စုံနိုင်၊ ထက်လင်းလင်း၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ ဟိန်းထက်အောင်၊ စအောင်ပြည့်ကို၊ သန့်ဇင်မြင့်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top