ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ဂျာမနီမှာ ပြေးဆွဲ

ilint.jpg

သယ်ယူပို့ဆောင်ရေးစနစ်ရဲ့ ခေတ်သစ် တော်လှန်ရေး စတင်တာလို့တောင် တင်စားရလောက်တဲ့ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားကို ဂျာမနီမှာ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်ဟာ လေထုထဲက အောက်ဆီဂျင်နဲ့ ပေါင်းစပ်ပေါက်ကွဲပြီး ဖြစ်ပေါ်လာတဲ့ စွမ်းအင်ကို အသုံးချ ခုတ်မောင်းတာဖြစ်တာကြောင့် ဟိုက်ဒရိုဂျင်နှစ်ဆနဲ့ အောက်ဆီဂျင်တစ်ဆ ပါဝင်တဲ့ ရေ (H2O) ဟာ ရထားသွားလာနိုင်ဖို့အတွက် အဓိက စွမ်းအင်ထုတ်ကုန်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဟိုက်ဒရေး (Hydrail) လို့ နာမည်ပေးထားတဲ့ သန့်ရှင်းစွမ်းအင်ကို အသုံးချပြီး တစ်နာရီကို ၈၇ မိုင်နှုန်းနဲ့ တစ်နေ့ကို မိုင် ၅၀၀ နီးပါး ပြေးဆွဲနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်က စတင်ပြေးဆွဲခဲ့တာ ဖြစ်ပြီး ဂျာမနီမှာ လတ်တလောအသုံးပြုနေတဲ့ ဒီဇယ်သုံး ရထားပေါင်း ၄၀၀၀ ကျော် နေရာမှာ အစားထိုးနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒါဟာ ပတ်ဝန်းကျင်လေထု သန့်ရှင်းမှုကိုလည်း အထောက်အကူပြုစေပါတယ်။ နယ်သာလန်၊ နော်ဝေးနဲ့ ဒိန်းမတ်နိုင်ငံ တွေကလည်း အခုလို ပြေးဆွဲနိုင်မှုကို အထူးစိတ်ဝင်စားနေပြီး ကောင်းမွန်တဲ့ပြောင်းလဲမှု ဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို အကျိုးရှိစေကာ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

Ref: truththeory “Germany has unveiled the world first hydrogen powered passenger train with zero emission”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top