တောင်ကိုရီးယားရဲ့ အလုပ်ချိန် ပေါ်လစီအသစ်

83773638.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ အစိုးရကတော့ အခြားနိုင်ငံတွေနဲ့မတူဘဲ သူတို့နိုင်ငံရဲ့ အလုပ်သမားတွေကို အလုပ်ချိန်နည်းနည်းသာ ပေးလုပ်စေချင်ပါတော့တယ်။

ဝန်ထမ်းတွေနောက်ကျတဲ့ထိနေပြီး အလုပ်လုပ်တာကို တားဆီးနိုင်ဖို့အတွက် ဝန်ထမ်းတွေရဲ့ ကွန်ပျူတာအပြင် လျှပ်စစ်ဓာတ်အားပေးဝေမှုကိုပါ ဖြတ်တောက်လိုက်တာပဲ ဖြစ်ပါတယ်။

ယခုသီတင်းပတ်မှစတင်ပြီးတော့ အာဏာပိုင်တွေဟာ ညနက်ထိအလုပ်လုပ်တဲ့ အလုပ်သမားတွေကို တားဆီးနိုင်ဖို့အတွက် အပတ်စဉ်သောကြာနေ့တိုင်း ဆိုလ်းမြို့တော်ခန်းမကို ည ၈:၀၀ နာရီအထိသာ လျှပ်စစ်ဓာတ်အားပေးဝေတော့မှာဖြစ်ပါတယ်။ လာမယ့် မေလမှာတော့ ၇:၀၀ မှစတင်ဖြတ်တောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံမှန် မနက်အစောကြီးကနေ ညနက်အထိ နာရီပေါင်းများစွာအလုပ်လုပ်ခြင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဘဝနေထိုင်မှုပုံစံဖြစ်လို့နေပြီး ဂျပန်နိုင်ငံဟာဆိုရင်လည်း လိုတာထက်ပိုတဲ့ အလုပ်ချိန်တွေနဲ့ နပန်းသတ်နေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံရဲ့ အလုပ်ရှင်တွေဟာ ၎င်းတို့ဝန်ထမ်းတွေရသင့်ရထိုက်တဲ့ ခွင့်ရက်လေးတစ်ခါလောက်ပေးဖို့ကိုတောင် တော်တော်တွန့်ဆုတ်နေကြတာဖြစ်တယ်လို့ ဆိုလ်းမြို့ (Seoul)၊ ယွန်ဆေး တက္ကသိုလ် (Yonsei University) ရဲ့ သုတေသနပါမောက္ခ ဒေါက်တာ အိုင်ဂျင်ဟွန်း (Dr. Ijin Hong) က ပြောကြားခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံရဲ့ ဝန်ထမ်းတစ်ဦးချင်းဆီမှာ ကျပ်တည်းလှတဲ့ အလုပ်အချိန်ဇယားတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ဇန်နဝါရီလမှာရရှိခဲ့တဲ့ ဒေသန္တရ အစိုးရဆာဗေးအရ တောင်ကိုးရီးယားနိုင်ငံ အလုပ်သမားတွေဟာ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် အလုပ်ချိန်နာရီပေါင်း ၁,၀၀၀ ကျော်ပိုလုပ်နေကြတာ ဖြစ်ပါတယ်။

သောကြာနေ့ညနေက စတင်လိုက်တဲ့ ကွန်ပျူတာ ပိတ်သိမ်းမှုဟာ ကုမ္မဏီတွေအတွက် ကိုယ်ပိုင်ဘဝနဲ့ အလုပ်ချိန်ကြား မျှတစွာချင့်ချိန်တတ်စေဖို့ လှုံ့ဆော်မှုတစ်ခု ဖြစ်လာစေဖို့ မျှော်လင့်နေရကြောင်း မြို့တော်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟိုဂျင်ချွိုင် (Hojin Choi) ကပြောကြားခဲ့ပါတယ်။

ယခုတစ်ခါ အသစ်အတည်ပြုလိုက်တဲ့ စီမံကိန်းဟာဆိုရင်လည်း အပြောထက်အလုပ်ကပိုလို့ ခက်နေခဲ့ပါတယ်။ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့ညနေ ၆:၀၀ နာရီက လျှပ်စစ်မီးဖြတ်တောက်လိုက်တဲ့အတွက် ၎င်းစီမံချက်ကိုရပ်ဆိုင်းပေးဖို့ တောင်းဆိုမှုတွေ အများအပြား ပြုလုပ်လာကြတယ်လို့လည်းဆိုပါတယ်။

ဝန်ထမ်းတွေရဲ့ကွန်ပျူတာတွေကို ပိတ်ပစ်တဲ့ အခုနောက်ဆုံးစည်းမျဉ်းကတော့ ခြေလှမ်းနောက်တစ်ဆင့်ဖြစ်ပါတယ်။ အရင်တုန်းကလို မီးပိတ်တဲ့အချိန် ကျော်လွန်ပြီး အချိန်ပိုလုပ်ခွင့်ပြုဖို့ တောင်းဆိုတာတွေကို ခွင့်ပြုတော့မှာမဟုတ်သလို ချွင်းချက်ထားပေးတော့မှာမဟုတ်ဘူးလို တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

ယွန်ဆေး တက္ကသိုလ် (Yonsei University) ရဲ့ ပါမောက္ခဖြစ်သူ ဟွန်း (Hong) ကတော့ သူမအနေနဲ့ ဒီစီမံကိန်းဟာ မှားယွင်းနေတဲ့ အလုပ်သမားတွေရဲ့ အလုပ်ချိန်အပေါ် ဟန့်တားကူညီရာရောက်မှာဖြစ်တယ်လို့ ထင်မြင်ကြောင်းနဲ့ ဒါဟာ အရင်ကတစ်ခါမှ မရှိခဲ့ဖူးတဲ့ စီမံကိန်းတစ်မျိုးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မကြာသေးမီကတော့ အလုပ်ချိန်ပိုခိုင်းစေခြင်းဆိုတာဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ ရေပန်းအစားဆုံးခေါင်းစဉ်တစ်ခု ဖြစ်လို့နေခဲ့ပါတယ်။ တောင်ကိုးရီးယား သမ္မတ မွန်ဂျယ်အင် (Moon Jae-in) အနေနဲ့လည်း ပိုနေတဲ့အလုပ်ချိန်တွေကို လျော့ချပေးဖို့ ကတိပြုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကဆို အပိုပိတ်ရက်တွေကိုတောင် သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အရင်ကနဲ့မတူတော့ပဲ နိုင်ငံရဲ့အလုပ်ချိန်မှာ ပြသနာရှိကြောင်း ထောက်ပြတာကိုလည်း လက်သင့်ခံနိုင်လာကြပြီဖြစ်တယ်လို့ ဟွန်း (Hong) ကပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကုမ္ပဏီတွေအနေနဲ့လည်း ကုန်ထုတ်လုပ်နိုင်စွမ်းနဲ့ အမြတ်အစွန်းထင်ရှားနေစဉ်အတွင်း အလုပ်သမားတွေရဲ့ အလုပ်ချိန်လျော့ချရေးနဲ့ပတ်သတ်ပြီး ပါဝင်ပူးပေါင်းပါဝင်ထောက်ခံပေးပါမှ ဆိုလ်းမြို့ရဲ့သောကြာည အလုပ်ပိတ်သိမ်းမှုဟာ ကြီးမားတဲ့ စွမ်းဆောင်ချက်ကြီးတစ်ခု ဖြစ်လာဖို့ အလားအလာရှိပါလိမ့်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ချွိုင် (Choi) ကတော့ အလုပ်သမားတော်တော်များများက ပြောင်းလဲမှုကို လက်ခံကြပေမယ့် တချို့အလုပ်သမားတွေကတော့ သူတို့ရဲ့အလုပ်တွေ အချိန်မီမပြီးမှာစိုးရိမ်နေကြတာဖြစ်ကြောင်း ဆိုလ်းမြို့တော်ခန်းမမှာ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဒီနေရာမှာ စိုးရိမ်ပူပန်နေတဲ့သူတွေကတော့ သူတို့ရဲ့အလုပ်တွေကို အလွယ်တကူပဲ အိမ်သယ်သွားကြပါလိမ့်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

Ref : money.cnn.com

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top