တစ်ပတ် (၄) ရက်သာ အလုပ် လုပ်ဖို့ သတ်မှတ်တော့မယ့် နယူးဇီလန်က ကုမ္ပဏီ

636572178171572718-4.-Public-relations-and-fundraising-managers.jpg

နယူးဇီလန်က ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းတွေကို တစ်ပတ်ကို ၄ ရက်သာ အလုပ်လုပ်စေတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုဟာ အောင်မြင်မှုတွေ ရခဲ့ပြီးတဲ့နောက်တော့ တစ်ပတ်ကို ၄ ရက်သာ အလုပ် လုပ်ရမယ့် အစီအစဉ်ကို ဝန်ထမ်းတွေအတွက် အတည်ပြုဖို့ ရှိနေပါတယ်။ အခုလို အလုပ်ချိန် ပြောင်းလဲ စမ်းသပ်ခဲ့မှုမှာ ဝန်ထမ်းတွေဟာ ပိုမိုတက်ကြွမှု ရှိလာသလို ထုတ်လုပ်မှုစွမ်းအားနဲ့ လုပ်ကိုင်စွမ်းအားတွေလည်း ပိုတိုးလာတာကို တွေ့ရှိခဲ့ရပါတယ်။

တစ်ရက်ပိုနားလိုက်ရတာဟာ ဘဝနဲ့ အလုပ်ချိန်ကို မျှမျှတတ ဖြစ်စေပြီး မိသားစုအပေါ် ပိုပြီး အချိန်ပေးလာနိုင်သလို စိတ်ဖိစီးမှုတွေ လျှော့နည်းစေတာကြောင့် ဝန်ထမ်းတွေဟာ ကြိုးစားချင်စိတ် ဖြစ်ပေါ်လာကြတာ ဖြစ်ပါတယ်။

ဘဝနဲ့အလုပ်ချိန် မျှမျှတတ ရှိနေတာမျိုး ဟုတ် မဟုတ်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ မနှစ်တုန်းက ၅၄ ရာခိုင်နှုန်းသာ ရှိခဲ့ပေမဲ့ အခုအခါမှာ ၇၈ ရာခိုင်နှုန်းအထိ ထိုးတက်လာခဲ့ပြီး ဝန်ထမ်းတွေရဲ့ ဖိအားများနေတာတွေကို ၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒါဟာ ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းနဲ့ ကုမ္ပဏီတွေအတွက် အတုယူစရာ ဥပမာကောင်း တစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref : CNN A New Zealand company tried a four-day work week. It was a ‘resounding success'”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top