နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အကြွေးပြန်မဆပ်နိုင်မှု ကြုံခဲ့တဲ့ သီရိလင်္ကာ

20-5-2022-yyl-08.jpg

နှစ် ၇၀ ကျော်အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံဟာ နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သတ်မှတ်ရက်အမီ အကြွေးပြန်ဆပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရက် ၃၀ အတွင်း အတိုးငွေ အမေရိကန်ဒေါ်လာ ၇၈ သန်းပေးရမှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရက်ချိန်းပြည့်သွားတဲ့အထိ အတိုးဆပ်နိုင်ခဲ့ခြင်း မရှိပါဘူး။

သီရိလင်္ကာအစိုးရက ပြည်ပကြွေးမီတွေ မဆပ်နိုင်တာဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး လိုအပ်တဲ့အခါ နိုင်ငံတကာကနေ ငွေချေးဖို့ ပိုခက်ခဲသွားစေမှာပါ။ ဒါ့အပြင် သီရိလင်္ကာနိုင်ငံသုံးငွေကြေးနဲ့ စီးပွားရေးအပေါ် ယုံကြည်မှုလည်း ထိခိုက်စေနိုင်ပါတယ်။သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုနဲ့ ဝင်ငွေခွန် လျှော့ချရမှုတွေကြောင့် အထိနာခဲ့ရပါတယ်။ ကာလအတန်ကြာအောင် နိုင်ငံခြားငွေ ပြတ်လပ်မှု ဖြစ်ပွားခဲ့ပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာတာကြောင့် ဆေးဝါး၊ လောင်စာဆီနဲ့ တခြားမရှိမဖြစ် ပစ္စည်းတွေ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပါတယ်။

စီးပွားရေးအကျပ်အတည်း ပိုမိုဆိုးရွားလာတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သမ္မတ ဂိုတာဘာယာရာဂျာပါဆာနဲ့ သူ့မိသားစုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ အာမခံရဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ကြွေးရှင်တွေနဲ့ သဘောတူညီမှုတွေ ရယူနိုင်ဖို့အတွက် ပြန်ညှိနှိုင်းဖို့ လိုအပ်နေပါတယ်။

ကြွေးမြီတွေ ပေးဆပ်ဖို့အတွက် အခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလျံလောက်အထိ လိုအပ်တယ်လို့ အစောပိုင်းမှာ သီရိလင်္ကာအစိုးရက ပြောခဲ့ဖူးပါတယ်။သီရိလင်္ကာနိုင်ငံရဲ့ ငွေတန်ဖိုးဟာ ၃၀ ရာခိုင်နှုန်းအထိ ဖောင်းပွနေပေမဲ့ လာမယ့်လပိုင်းအတွင်း ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဝီရာဆင်ဂီက သတိပေးထားပါတယ်။

Ref: BBC “Sri Lanka defaults on debt for first time in its history”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top