အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၈-၁၀-၂၀၁၈ မှ ၃-၁၁-၂၀၁၈ ရက်နေ့အထိ)

Bay-Din.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၂၈-၁၀-၂၀၁၈ မှ ၃-၁၁-၂၀၁၈) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့သည် စီးပွားရေးတွင် အတိုက်အခိုက်များဖြစ်ပေါ်နေမည်၊ စီးပွားရေးပြိုင်ဘက်များပေါ်ပေါက်လာမည်။ ရေလုပ်ငန်းဆိုင်ရာမှ ရရန်ရှိငွေကြေးများ ပြန်ရမည်။ အဝေးရှိလုပ်ငန်းခွဲများတွင် မိမိအပေါ်သစ္စာဖောက်မည် ဝန်ထမ်းများ ရှိနေမည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါရှိသူများ သတိပြုပါ။ အချစ်ရေးကောင်းမည်၊လက်ထပ်ရန်သဘောတူမည်။အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။ အလုပ်ကိစ္စများနှင့် ခရီးဝေးထွက်ရမည်။ စီးပွားရေးလုပ်ငန်းတွင် ကား၊စက်ပစ္စည်းလုပ်ကိုင်သူများ ကံသင့်ပြီး ၂ ကြိမ်ဆောင်ရွက်ပါက အောင်မြင်လိမ့်မည်။ ပညာရေးသမားများကောင်းပါသည်။ဝန်ထမ်းများ ရာထူးဆိုင်ရာအတွက် ပြိုင်ဆိုင်ရလိမ့်မည်။
အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၄။ ယတြာ – အုန်းသီးပါသော မုန့်များကို ကလေးများအား ကျွေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့သည် ဆောက်လုပ်ရေးလုပ်ငန်းဖြင့် အောင်မြင်မှု့များ ရရှိလာမည်။ ၊ အစုအစပ်လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းမှာ အဆင်ပြေစပြုလာမည်၊ အောင်မြင်မည်။ကျန်းမာရေးအနေနှင့် ခါးရောဂါသတိထားပါ။ အချစ်ရေးအတွက် နှစ်ဘက်မိဘတို့ အဆင်မပြေဖြစ်မည်။ ၂ ဦးသဘောတူသာ လက်ထပ်ရန်အဆင်ပြေမည်။ အိမ်ထောင်သည်များ မိဘကိုအားမကိုးဘဲ အရာရာ ကိုရင်ဆိုင်လိုက်ပါ။ ပညာရေးကတော့ ္ စိတ်ချမ်းသာစွာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဆန်၊စပါး ကုန်သည်များခရီးယာယီ သွားရမည်။ ကား ၊ယဉ် စက်တို့ရမည်။ မြေ အဝင်အထွက် ရှိမည်။ လက်/ခြေထောက် ထိခိုက်မိတတ်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၃။ ယတြာ–ငှက်များကိုအစာကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ အဆင်မပြေဖြစ်တတ်သည်။ ငွေကြေးကိုအကြောင်းပြုပြီး တရားရေးဆိုင်ရာကိစ္စများ ဖြစ်တတ်သည်။အခက်အခဲတွေ တွေ ကြုံရမည်။ သောကများသောကာလတစ်ခုဖြစ်သည်။ စီးပွားရေးတွင် ကျောက်မျက်ရတနာလုပ်ငန်းများ ရန်တွေ့မည်။ အချစ်ရေးတွင် အလွန်အေးစက်သောအချစ်ရေးဖြစ်နေမည်။အိမ်ထောင်သည်များ ငွေကြေးကြောင့် စိတ်သဘောထား ကွဲတတ်သည်။ ဘာသာရေးနှင့်ဆိုင်သောခရီးဝေး သွားရောက်ရပါက ကံကောင်းမည်။ ရတနာပစ္စည်း တို့ဝင်ခြင်း ဖြစ်မည်။ ငွေကြေးကိုအာမခံထားရပါက ထိုကိစ္စအတွက် တရားရုံးတွင်စကားပြောရ တတ်သည်။ ညာဘက်လက်တစ်ဖက် နာကျင် ကိုက်ခဲခြင်းဖြစ်တတ်၍ ဆင်ခြင်ပါ။ ဝန်ထမ်းများ စိတ်ညစ်ရမည်။ အကျိုးပေးဂဏန်း – ၃ ၊ ၂ ၊ ၀။ ယတြာ – နွမ်းပါးသူကို အာဟာရ ကုသိုလ်ပြုပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့သည် စီးပွားရေးဆိုင်ရာ ကြိုးစားမှု့များ ဆက်တိုက်အောင်မြင်နေမည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူနှင့် သတ္တုတူဖော်ခြင်းလုပ်ငန်းလုသူတို့အနည်းငယ် စိတ်သောကရောက်ရမည်။ အာဏာပိုင်နှင့် ပါတ်သက်ခြင်းဖြစ်မည်။ချစ်သူ၏ အထင်လွဲခြင်းကြောင့် ခွဲခွါရတတ်သည်။ အိမ်ထောင်ရှင်များ နှစ်ဘက်မိဘကိုအကြောင်းပြုပြီး စကားများတတ်သည်။အထင်လွဲခြင်းဖြစ်သည်။ ဆရာသမားကို အကြောင်းပြုပြီး မလုပ်ဘူးသော အလုပ်သစ်တို့လုပ်ဖြစ်မည်၊ အပေါင်းအသင်း ၏ အကူအညီ ရမည်။ ကျန်းမာရေးအနေနှင့် နှလုံးမကောင်းခြင်းဖြစ်တတ်သည်။ဝန်ထမ်းများအတွက် အထက်လူကြီးကို အကြောင်းပြုပြီး စိတ်သောကရောက် နေရတတ်သည်။

ရာဟု။ ။ စီးပွားရေးတွင် လုပ်ငန်းတူများနှင့် ပြိုင်ရဆိုင်ရတတ်သည်။ ကျန်းမာရေးအနေဖြင့် မတော်တဆဖြစ်တတ်သည်။ အချစ်ရေး ကံကောင်းသော်လည်း အိမ်ထောင်ရှင်များ စိတ်ညစ်ရမည်။ လောင်းကစားလုပ်သူများ သတိထားရမည့်ကာလဖြစ်ပြီး သည်။အကျိုးပေးဂဏန်း – ၁ ၊ ၇ ၊ ၄။ ယတြာ – ရဟန်းတစ်ပါးကို ဆွမ်းကပ်လှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့သည် ကံအသင့်အတင့်ဖြစ်သည့်အချိန်ပင်ဖြစ်နေသေးသည်။ အလုပ်အကိုင်အတွက် အတော်အတင့်ကြိုးစားရမည်။ အလုပ်အကိုင် အတော်အသင့် တိုးတက်လာမည်။အထူးသဖြင့် ဆေးနှင့်ဆိုင်သောလုပ်ငန်းလုပ်ကိုင်သူများ စီးပွားဖြစ်မည်။ အချစ်ရေး အလွန်အဆင်ပြေမည်။ လက်ထပ် မင်္ဂလာအတွက် ဖြစ်မည်။ ကျန်းမာရေး စစ်ဆေးခြင်းပြုလုပ်ပါ ။ မိသားစု ဆွေမျိုးများ၏ မင်္ဂလာ ကိစ္စကို ပျော်ရွှင်စွာကျင်းပဖြစ်မည်။ ကိုယ်တိုင် ခရီးဝေးရောက်မည်။ ပြိုင်ဆိုင်မှု့များတွင် သရေသဘောဆောင်နေတတ်သည်။နောက်ဆုံး အနိုင်ရမည်။မျက်လုံးရောဂါရှိသူသတိထားပါ။ ဝန်ထမ်းများ အခက်တွေ့ရမည်။အကျိုးပေးဂဏန်း – ၅ ၊ ၇ ၊ ၃။ ယတြာ – ရေအိုးလှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည်အလွန် စိတ်လေနေမည်။ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် အတွေးများနေသဖြင့် လက်တွေ့ဖြင့် အမြန်ဆောင်ရွက်မှကောင်းပါမည်။ အလုပ်တွင် စိတ်ဝင်စားမှု့ မရှိဘဲ ခရီးတွေ ထွက်နေချင်မည်။ မိမိလုပ်ငန်းအတွင် အလုပ်သမားပြသနာ ဖြေရှင်းရမည်။ ရှယ်ယာရှင်များ၏ အပြစ်တင်အထင် လွဲခြင်းခံရမည်။ ငွေထွက်ကြမ်း မည်။ ငွေစုလို့မရပါ။ ချွဲတတ်။နွဲ့တတ်သူနှင့် ချစ်သူဖြစ်ရမည်။ မိမိအနေဖြင့် လယ်ယာလုပ်ကိုင်သူဖြစ်ပါက သတိထားရမည်မှ မထင်မှတ်သော အခြေအနေတစ်ခုကြောင့် မိမိစိုက်ပျိုးထားသော အပင်များ ပျက်စီးတတ်သည်။ကျန်းမာရေးအနေနှင့် ခါးနာမည်။ ဝန်ထမ်းများ အဆင်ပြေမည်။အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၈။ ယတြာ – သောကြာနေ့နံနက်တွင် ဘုရားရေသပ္ပာယ်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် ယခင်ကကြိုးစားခဲ့သောကြောင့် သင်နှင့်သင့်လုပ်ငန်းသည် ပို၍ အောင်မြင်မှုများရရှိလာမည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသော အလုပ်များ အားလုံး အဆင်ပြေအောင်မြင်မည်။ ရှယ်ယာရှင်များနှင့် ပါတ်သက်ပြီး အဆင်ပြေ မည်။ ခင်မင်သူများ က ကူညီမှုများပေးလာမည်။ အဝေးမိတ်ဆွေ ၏ အကူအညီ ရမည်။ ကျောက်မျက်ရတနာနှင့် သစ်၊သတ္တုလုပ်ငန်းတို့ တိုးချဲ့လုပ်ကိုင်လာရမည်။ ကျန်းမာရေးကတော့ ဆီးချိုသမားများ ဆက်သတိထားပါ၊ အချစ်ရေးတွင် လက်ထပ်ရန်ခွင့်တောင် ရမည်။ မိဘ သားချင်းဆွေမျိုးတို့အတွက် ကျမ်းမာရေးတာဝန်ယူရခြင်းများရှိမည်။ အားလုံးအဆင်ပြေမည်။ ဝင်ငွေကောင်းလာမည်။ ကား၊စက်ပစ္စည်း၊ဖုန်း စသည်တို့ အသစ် ဝင်မည်။ ဝန်ထမ်း လုပ်ငန်း ရာထူးတက် ၊ လစာတိုးမည်။အကျိုးပေးဂဏန်း – ၇ ၊ ၂ ၊ ၆။ ယတြာ – နွမ်းပါးသူကို အဟာရ လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top