ပညာ သင်ကြားမှု အခက်အခဲဖြစ်ခြင်း (သို့) ကစဉ့်ကလျားဖြစ်ခြင်း (Learning Disability and Disorders)

yyl-001-6.jpg

မိတ်ဆွေတို့ ရဲ့ ကလေး တွေ ကျောင်းတက်ရောက်ရာမှာ အခက်အခဲ ဖြစ်နေပါသလား.။ ကလေးက စာဖတ်ဖို့ တွန့်ဆုတ်နေပါသလား..။ စာရေးဖို့ တွန့် ဆုတ်နေပါသလား ဒါမှမဟုတ် ဂဏန်းသင်္ချာ တွက်ချက်မှု အပိုင်းမှာ အားနည်းနေပါသလား..။ ကလေးသူငယ်တိုင်းကတော့ ကျောင်းစာတွေမှာ တစ်စုံတရာ အခက်အခဲတွေကတော့ အနည်းနဲ့ အများတော့ရှိကြပါတယ်။ သို့ သော် သင့်ကလေးရဲ့ ပညာသင်ကြားရေး နယ်ပယ်တစ်ခုခုမှာ အမြဲလိုလို ပြဿနာ တွေ့ နေပြီးဆိုရင်တော့ သေချာပါတယ် ကလေးက ပညာသင်ကြားမှု အခက်အခဲ ချွတ်ယွင်းချက်ရှိနေပြီဆိုတာပါ။ တစ်ခုရှိတာကတော့ သင့်အနေနဲ့ သင့်ကလေးရဲ့ ပညာသင်ကြားရေးမှာ အခက်အခဲ ရှိနေမှု ကို သင်ကိုယ်တိုင် နားလည်မှု ရှိထားပါက သင်ကြားရေးမှာ အောင်မြင်မှုတွေရ နိုင်ဖို့ ကူညီပေးဖို့ အချိန်ရှိနေပါသေးတယ်။ ကဲ ဒီလိုဆို ရင် သင့်အနေနဲ့ ပညာသင်ကြားရေးမှာ အခက်အခဲ ဘယ်ကြောင့်ရှိလာတာကို သိချင်နေလောက်ပြီ ဆက်လေ့လာကြမယ်..။

ပညာသင်ကြားမှု အခက်အခဲတွေက ဘာတွေလဲ…

ပညာသင်ကြားဖို့ အခက်အခဲဖြစ်မှု ဟာ သင်ယူမှု ပြဿနာ ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာရှိပါတယ်။ တစ်ခု မှတ်သားထားရမှာက ပညာသင်ကြား ဖို့ ခက်ခဲမှုဖြစ်ခြင်းဟာ မှတ်ဉာဏ်ချွတ်ယွင်းမှုကြောင့် မဟုတ်၊ သင်ယူလိုမှု ပြင်းပြစိတ်မရှိမှုကြောင့် လဲ မဟုတ်ပါ။ ဒီလိုအခက်အခဲတွေရင်ဆိုင်တွေ့ ကြုံ နေရတဲ့ ကလေးငယ်တွေဟာ ပျင်းရိ သောကြောင့်လဲမဟုတ်၊ ထုံထိုင်းမှု ကြောင့်လဲမဟုတ်ပါ။ တစ်ကယ်တမ်းတော့ သူတို့ လေးတွေဟာ သာမန်သူတွေထက်တောင် ပိုတော်လွန် နေတတ်ကြတာတွေ့ နိုင်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ ကျွန်တော်တို့ သာမန်လူတွေရဲ့ ဦးနှောက် အချက်အလက် သွယ်တန်းမှု နဲ့ ယခုပြောတဲ့ သင်ကြားမှု ခက်ခဲနေတဲ့ ကလေးတွေရဲ့ ဦးနှောက် အချက်အလက်သွယ်တန်းမှုဟာ လုံး၀ ကွဲပြားမှုကြောင့်ဖြစ်ပါတယ်။ သူတို့ မှာ သာမန် လူရဲ့ ဦးနှောက် အချက်အလက် ဆိုင်ရာ ဖြန့် ဝေမှု မတူတဲ့အတွက်ကြောင့် သာမန်လူတွေ သင်ကြားသလို သူတို့ မသင်ကြားနိုင်ကြပါဘူး။ ဒီအတွက်ကြောင့် သူတို့ သတင်းအချက် ဗဟုသုတ ရရှိမှု ဟာ သာမန်လူတွေနဲ့ လည်းမတူကြပါဘူး။

သင်ကြားမှုရေးရာမှာ အခက်အခဲ ဖြစ်နေကြတဲ့ ကလေး လူကြီး လူငယ်တွေဟာ သူတို့ ရဲ့ အကြားအမြင်၊ နားလည်သဘောပေါက်မှု တွေဟာ လွန်စွာမှ မတူကွဲပြားပါတယ်။ ဒီလို ဖြစ်စဉ် ကြောင့် အချက်အလက် အသစ်အဆန်း သင်ကြားရယူမှုခက်ခဲခြင်း၊ တတ်ကျွမ်းကျင်ရေးပိုင်းဆိုင်ရာ အားနည်းခြင်း တွေ ဆက်ဖြစ်လာပါတယ်။
ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သင်ကြားမှု ပိုင်း ဆိုင်ရာ အခက်အခဲ တွေ ဘယ်မှာဖြစ်လေ့ရှိတယ်ဆိုရင်တော့ အရေးအသားပိုင်းဆိုင်ရာ၊ စာဖတ်ခြင်းဆိုင်ရာ၊ ဂဏန်းသင်္ချာပိုင်းဆိုင်ရာ၊ တွေးတောကြံဆမှုပိုင်းဆိုင်ရာ၊ အကြားအာရုံပိုင်းဆိုင်ရာ နဲ့ ဆက်သွယ် ပြောဆို တဲ့ စတဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဒီလို ပြဿနာတွေ ဖြစ်နေကြပါတယ်။သင်ကြားမှု ပိုင်းမှာ ပြဿနာဖြစ်နေတဲ့ ကလေးတွေဟာလည်း လုပ်နိုင်စွမ်း၊ ဖြစ်နိုင်စွမ်း၊ နဲ့ အောင်မြင်မှု ရရှိနိုင်စွမ်းရှိကြပါတယ်။

ဒီလိုဝေဒနာ ဖြစ်နေတဲ့ ကလေးတွေကို ကိုင်တွယ်ရာမှာ အလွန် ခက်ခဲမှု ရှိပါတယ်။ မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေ ဒီလိုမျိုး ဖြစ်နေတာကိုတော့ မကြည့်ရက်ကြပါဘူး။ သူတို့ ရဲ့ အနာဂတ်ကို စိုးရိမ်မိတတ်ကြတယ်၊ သူတို့ ဘယ်လိုရှေ့ ဆက်ပညာသင်ကြားကြမလဲ ဆိုတာ မိဘတွေရဲ့ ရင်ထဲမှာ အမြဲ စိတ်ပူပန်နေတတ်ကြပါတယ်။ ဒီလိုကလေးတွေကို ပညာသင်ကြားမှု နှေးကွေး မှု စသည်ဖြင့် သာ ခေါ်ဝေါ်သင့်ပြီး သူတို့ တွေကို အခက်အခဲမဖြစ်နိုင်မယ့် လွယ်ကူတဲ့ အတန်းတွေမှာ သင်ကြားစေသင့်ပါတယ်။ဒါပေမယ့် မှတ်ထားဖို့သင့်တဲ့ အရေးကြီးတဲ့ အချက်ကတော့ ဒီလိုကလေးတွေဟာ သာမန် အခြားသောကလေးတွေထက် တော်လွန် တတ်ကြပါတယ်။ သူတို့ ကို သာမန်သင်ပုံသင်နည်းနဲ့ သင်လို့ မရပဲ သူတို့ လိုအပ်နေတဲ့အတိုင်းသင်ကြားမှုတွေကို ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့ ဒီလို သင်ကြားမှု အခက်အခဲ ဖြစ်နေတဲ့ ကလေးတွေကို လေ့လာ နားလည် ထားခြင်ဖြင့် ဤကလေးငယ်တွေကို လမ်းကြောင်းမှန်ပေါ် တင်ပေးခြင်းဖြင့် သူတို့ တွေဟာ ကျောင်းမှာ တင်မက ပဲ နေရာတိုင်းမှာ အောင်မြင်မှုတွေရရှိနိုင်ကြပါတယ်။

သင်ကြားမှု အခက်အခဲ ဖြစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ…..

ဒီလို ခံစားနေရမှု ကလေးတိုင်းမှာ အနည်းနဲ့ အများ မတူညီကြပါဘူး။ ကလေး တစ်ယောက်အနေနဲ့ အဖတ်ပိုင်း နဲ့စားလုံးပေါင်းအပိုင်းမှာအားနည်းနေမယ်၊တစ်ခြားကလေးမှာတော့ဂဏန်းသင်္ချာပိုင်းအားနည်းမှုရှိနေတတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားကလေးတွေမှာတော့ ဆက်ဆံရေးပိုင်းမှာ တုံ့ ပြန်မှု နဲ့ နားလည်မှု အားနည်းနေတတ်မယ်။ ပြဿနာတွေက ကလေး တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။ မည်သို့ ပဲဖြစ်စေ သူတို့ အားလုံးကတော့ သင်ကြားမှု သင်ယူမှု အခက်အခဲ ရဲ့ အောက်မှာပဲ ရှိနေကြပါတယ်။
ရောဂါလက္ခဏာ ကို လွယ်လွယ်နဲ့ ရှာဖွေလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဖြစ်ပွားတဲ့ လက္ခဏာတွေက အလွန်ကျယ်ပြန့် နေလို့ ပါပဲ။ ဒါအတွက်ကြောင့် ကျွန်တော်တို့ ပြဿနာအရင်းခံကို အသေချာ တစ်ခုခြင်း ကြည့်ရုံဖြင့် တစ်ထစ်ချ မှတ်ချက်မချ နိုင်ပါဘူး။ သို့ သော်လည်း အသက်အရွယ်အလိုက် သတိပေးတတ်လာတဲ့ ရောဂါလက္ခဏာတွေက ယေဘုယျ အားဖြင့် တူညီကြတတ်ကြပါတယ်။ ဝေဒနာ ရဲ့ လက္ခဏာကို စောစီးစွာ သိပါက စောစီးစွာ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးနိုင်ပါတယ်။
အောက်တွင် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ သင်ကြား ခက်ခဲမှု ရောဂါလက္ခဏာ တွေကိုဖော်ပြပေးထားပါတယ်။ မှတ်ချက်က သင်ကြားမှု အခက်အခဲ မဖြစ်တဲ့ ကလေးတွေလည်း အောက်ပါရောဂါလက္ခဏာ တစ်ခုခုကို ပြနိုင်ပါတယ်။ သတိထား ဂရုစိုက်ထားဖို့ က သင့်ရဲ့ ကလေးဟာ ပုံမှန်ထက် ထူးခြားနေပြီး သာမှန် သင်ကြားသင်ယူမှု ဖြစ်စဉ်တွေမှ သွေဖည် နေပြီး ဆိုလျှင် အထူးဂရုစိုက်ထားဖို့ အရေးကြီးပါတယ်။

သင်ယူမှု အခက်အခဲရှိတဲ့ ကလေးများ လက္ခဏာများ (ကျောင်းနေစအရွယ်)

  • စကားလုံး အသံထွက်မှု ၌ အခက်အခဲဖြစ်နေခြင်း
  • စကားလုံး အမှန်ကို ရှာဖွေရာ ၌ အခက်အခဲဖြစ်နေခြင်း
  • ကာရန် ရွတ်ဖတ်မှု မပီသခြင်း</li.
  • ခရာ၊ ဂဏန်း၊ အရောင်များ၊ ပုံသဏ္ဌာန်များနဲ့ နေ့ ရက် တွေကို လေ့လာရာတွင်ခက်ခဲနေခြင်း
  • နဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် တွေကို မလိုက်လုပ်တတ်ခြင်း
  • ခဲတံ၊ ကပ်ကြေး နဲ့ အရောင်ခြယ်သ မှုတွင် ထိုအရာများကို ထိန်းချုပ်ကိုင်တွယ်နိုင်မှုမရှိခြင်း
  • ည်ခြင်း၊ ကြယ်သီးတပ်ခြင်း၊ ဇစ်တတ်ခြင်း၊ ပိတ်ခြင်းဖွင့် ခြင်း တွင် အခက်အခဲရှိနေတတ်ခြင်း

    အသက်၅နှစ်မှ ၉နှစ်အတွင်း ပြသသော ရောဂါလက္ခဏာများ

    • စကားလုံး တစ်ခုနဲ့ တစ်ခု ဆက်နွှယ်မတတ်ခြင်း
    • စကားလုံး တစ်ခု ဖြစ်အောင် အသံမထွက်တတ်ခြင်း
    • အခြေခံ စကားလုံးများ ကို ရှုပ်ထွေး နေတတ်ခြင်း
    • အသစ်အဆန်း အတတ်ပညာတွေကို သင်ယူတတ်မြောက်မှု နှေးကွေးခြင်း
    • စကားလုံးများကို အမှားတွေများအောင် ပေါင်းပြီး အမြဲ အမှားလုပ်နေတတ်ခြင်း
    • အခြေခံသင်္ချာ သဘောတရားကို နားလည်မှု ခက်ခဲနေခြင်း
    • ကာလ အချိန်များနဲ့ အစီအစဉ်များကို ပြောပြဖို့ ခက်ခဲနေခြင်း

    အသက် ၁၀ နှစ်မှ ၁၃ နှစ်အတွင်း ပြသသော ရောဂါလက္ခဏာများ

    • သဘောတရား နားလည်မှု နဲ့ ဂဏန်း သင်္ချာ အနက် အဓိပ္ပါယ် နားမလည်ခြင်း
    • ပြန်လည်ဖြေဆိုရတဲ့မေးခွန်းများနဲ့ အတွက်အချက် ပိုင်းတွင် ခက်ခဲမှုဖြစ်နေခြင်း
    • အရေးအဖတ် ကို မနှစ်သက်ခြင်း၊ ကျယ်လောင်စွာ ဖတ်ခြင်းကို ရှောင်ရှားခြင်း
    • လက်ရေးလက်သား မလှပခြင်း
    • သေသေသပ်သပ် မလုပ်တတ်ခြင်း (အိပ်ယာ၊ အိမ်စာ၊ စားပွဲ)
    • စာသင်ခန်းအတွင်း ပါဝင်ဆွေးနွေးမှု မတတ်ခြင်း နဲ့ မိမိအတွေးအမြင်တွေကို ဖော်ထုတ်မတတ်ခြင်း
    • စကားလုံးတူများကိုလည်း အသံထွက်မတူအောင်ဆိုတတ်ခြင်း
    • အရေး အဖတ်နဲ့ ဂဏန်းသင်္ချာ ပိုင်းဆိုင်ရာ တွင် အခက်အခဲဖြစ်နေခြင်း

    ပုံမှန်အားဖြင့်တော့ သင်ကြားမှု အခက်အခဲ ဖြစ်နေမှု တွေကို ကျောင်းတွေထဲမှာ လုပ်ထုံးလုပ်နည်းအတိုင်း အုပ်စုဖွဲ့ ခွဲ ထားလေ့ရှိကြပါတယ်။ သင့်ရဲ့ ကလေး ကကျောင်း စာတွေဖြစ်တဲ့ စာရေး၊ စာဖတ် ပိုင်းနဲ့ သင်္ချာတွေမှာ အားနည်းမှု ပေါ်လွင် နေတတ်လေ့ရှိပါတယ်။
    စာဖတ်ခြင်း ပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်ခြင်း (dyslexia) ဒစ်စလဲ့ဆီယာ

    စာဖတ်ခြင်းပိုင်းမှာတော့ ပြဿနာ အခက်အခဲ နှစ်မျိုး ရှိပါတယ်။ အခြေခံ စာဖတ်မှု အခက်အခဲ ပြဿနာက ဘယ်ကစလဲ ဆိုရင် အသံထွက်ပိုင်းဆိုင်ရာ၊ အက္ခရာစကားလုံး၊ နဲ့ ဝေါဟာရများ တစ်ခုနဲ့ တစ်ခု ဆက်စပ် မှု ကို နားလည်သဘောမပေါက်သောကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုက စာဖတ်ပြီး သဘောတရား အနက် အဓိပ္ပါယ် နားလည်ခြင်း အခက်အခဲ ကို ဘယ်အချိန်မှာဖြစ်လဲဆိုတော့ စကားလုံး၊ စာစု၊ စာပိုဒ်တွေရဲ့ တစ်လုံးခြင်း အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်စွမ်းမရှိသောကြောင့်ဖြစ်တယ်။

    အောက်တွင် ဖော်ပြထားတဲ့ စာဖတ်ခြင်းအခက်အခဲဖြစ်တဲ့ နယ်ပယ်များဖြစ်ပါတယ်…

    • စကားလုံးနဲ့ ဝေါဟာရ မှတ်မိမှု ခက်ခဲခြင်း
    • ဝေါဟာရအပိုင်းနဲ့ စိတ်ကူးအကြံဉာဏ် ကို နားလည်မှု ခက်ခဲခြင်း
    • စာဖတ်နှုန်းနဲ့ ကျွမ်းကျင်မှု အားနည်းခြင်း

    အထွေထွေ ဝေါဟာရ တတ်ကျွမ်းမှု အားနည်းဖြင်း စသည်တို့ ပဲဖြစ်ပါတယ်။

    ဂဏန်းသင်္ချာ ပိုင်း အခက်အခဲ ဖြစ်ခြင်း ( dyscalculia) ဒစ်ကယ်ကူးလ်ယား

    ကလေးရဲ့ အားနည်းချက်နဲ့ အားသာချက်များကို အပေါ်လိုက်၍ တစ်ဦးနဲ့ တစ်ဦး အခက်အခဲ ဖြစ်တည်မှု ကွဲပြားမှုရှိပါတယ်။ ကလေးရဲ့ သင်္ချာပိုင်းဆိုင်ရာ အပေါ် နားလည်မှုသည် ၎င်းရဲ့ သင်ယူမှု သင်ကြားမှု အခက်အခဲ ရှိမှု မရှိမှု အပေါ်မှာ မူတည်ပါတယ်။ ဒါ့အပြင် အမြင်အာရုံချို့တဲ့မှု ကြောင့်သော်လည်ကောင်း၊ အစီအစဉ် အလိုက် နေရာ ချတတ်မှုသော်လည်းကောင်၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာသော်လည်ကောင်း နဲ့ စနစ်တကျ ပြုလုပ်တတ်မှု တွေရဲ့ အပေါ်မှာလည်းပဲ မူတည်ပါတယ်။

    သင်္ချာပိုင်းအားနည်းသော ကလေးများမှာ တွေ့ လေ့ရှိတတ်တာက သူတို့ အနေနဲ့ အလွတ်မှတ်ထားမှု မရခြင်း၊ ဂဏန်းများကို အစဉ်လိုက်ထားမတတ်ခြင်း၊ သင်္ကေတများနဲ့ ပုံသေနည်းများကို နားမလည်ခြင်းတို့ ကို မြင်ရလေ့ ရှိပါတယ်။ ဥပမာ (၅ + ၅ = ၁၀ ) နဲ့ ( ၅x၅ = ၂၅ ) စသည်ဖြင့်။ နောက်ပြီးတော့ ဒီလိုကလေးများက တန်ဖိုးအရေအတွက် အဆ များကို ရွတ်ဆိုမတတ်ကြပါဘူး။ ဥပမာ အမြှောက်အလီ။

    အရေးအသား ပိုင်းဆိုင်ရာ အခက်အခဲဖြစ်ခြင်း (dysgraphia) ဒစ်ဂရတ်ဖီယာ

    စာရေးသားခြင်းဆိုင်ရာ အခက်အခဲဖြစ်ခြင်းမှာ စားရေးသား ရွေ့ လျားမှု (သို့) အချက်အလက်များကို ဆီလျှော်အောင် နားလည်သဘောပေါက်မှု မှာ မူတည်နေပါတယ်။ အခြေခံ အရေးအသား အခက်အခဲဖြစ်မှု ဟာဘာကိုပြောလဲဆိုရင် စကားလုံးများ တည်ဆောက်ခြင်းနဲ့ ဝေါဟာရများ တည်ဆောက်ခြင်းတို့ ဖြစ်ပါတယ်။ ခံစားမှု တွေကို ရေးသားပြတတ်မှု အခက်အခဲ ဖြစ်နေမှုကတော့ မိမိရဲ့ တွေးတောကြံဆမှုတွေကို စာရွက်ပေါ်မှာ ရေးချမပြနိုင်ခြင်းပေါ်မှာပဲမူတည်နေပါတယ်။

    အရေးအသား ပိုင်းဆိုင်ရာ အခက်အခဲ နဲ့ ပတ်သက်ပြီး ပြသတဲ့ လက္ခဏာတွေကတော့

    • စကားလုံး အရေးအသား သေသပ်မှု၊ နဲ့ ဆီလျှော်မှု မရှိခြင်း
    • စကားလုံးများနဲ့ ဝေါဟာရများကို မှန်ကန်စွာ ကူးယူနိုင်မှု မရှိခြင်း
    • တစ်သမတ်တည်း စားလုံးပေါင်းတတ်မှု မရှိခြင်း

    စာဖွဲ့စည်းမှု နဲ့ ကျိုးကြောင်း ဆက်စပ်နိုင်မှု မရှိခြင်း စသည်တို့ ပဲဖြစ်ပါတယ်။

    ရွေ့ လျား မှု ပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်ခြင်း ( Dyspraxia) ဒစ်စပရာဆီယာ

    ရွေးလျားမှု ပိုင်း ဆိုင်ရာ အခက်အခဲလို့ ပြောလိုက်ခြင်းတာ နဲ့ ကျွန်တော်တို့ ပြောနေတာက လှုပ်ရှားမှု၊ ရွေ့ လျားမှု၊ တို့ နဲ့ ပတ်သက်ပါတယ်။ ဒီနေရာမှာ အပိုင်း ၂ ခု ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အသေးစိပ်ရွေ့ လျားမှု (ဥပမာ- ဖြတ်ညှပ်မှုပြုလုပ်ခြင်း၊ စာရေးခြင်း) တို့ ဖြစ်ပါတယ်။ ဒုတိယ ကတော့ အကြီးစား ရွေ့ လျားမှုပဲဖြစ်ပါတယ်။ (ဥပမာ- ပြေးခြင်း၊ ခုန်ခြင်း) စသည်တို့ ဖြစ်ပါတယ်။ ရွေ့ လျားမှု အခက်အခဲ နဲ့ ပတ်သက်တယ်လို့ ပြောလိုက်ရင် တစ်နည်းအားဖြင့် ထုတ်လုပ်မှု (ဦးနှောက်ကနေ ကြွက်သားများကို အချက်အလက်ပို့ ပြီး အလုပ်ခိုင်းစေခြင်း) လုပ်ငန်းကိုဆိုလိုတာပါ။ ကျွန်တော်တို့ ပြေးလွှားတဲ့ အခါ၊ ခုန်တဲ့အခါ၊ စာရေးတဲ့အခါ၊ တစ်ခုခုကိုဖြတ်ညှပ်တဲ့အခါ ကျွန်တော်တို့ ဟာ ဦးနှောက်ကနေတစ်ဆင့် အချက်အလက်ပို့ ပေးမှ အလုပ်များကို ပြီးအောင် လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

    သင့်ရဲ့ ကလေးဟာ ဒီအခက်အခဲကို ခံစားနေရပြီးဆိုရင် သူတို့ မှာ ပုံမှန်လက္ခဏာပြတာကတော့ ခန္ဓာကိုယ် ရွေ့ လျား လှုပ်ရှားမှု ခက်ခဲခြင်း၊ လက်-မျက်စိ ပေါင်းစည်း ပြုလုပ်မှု ခက်ခဲခြင်း (ဥပမာ- ခဲတံ ကိုင်တွယ်နိုင်မှု၊ (သို့ ) အင်္ကျီ ကြယ်သီး တပ်ဆင်မှု) စတဲ့နယ်ပယ်တွေမှာ အခက်အခဲ ဖြစ်ပေါ်တတ်ပါတယ်။

    ဘာသာစကားပိုင်းဆိုင်ရာ ခက်ခဲမှု ဖြစ်ခြင်း။ (Aphasia/dysphasia) အဖိန်းရှား၊ ဒစ်စဖါ့ဆီယာ

    ကျွန်တော်တို့ဘာသာစကားပိုင်းအခက်အခဲရှိခြင်းအကြောင်းကိုပြောလိုက်တဲ့အခါမှာကလေးတစ်ယောက်အနေနဲ့ သူဘယ်လောက်နားလည်နိုင်စွမ်းရှိလဲ၊ ဘယ်လောက် ဘာသာစကားကို ထုတ်ယူ ပြောဆိုနိုင်သလဲ ဆိုတာကို ပြောချင်တာဖြစ်ပါတယ်။ ဒီနေရာမှာ ဘာသာစကားဟာလဲ ထုတ်လှုပ်မှု (output) တစ်မျိုးပါပဲ။ ဘာလို့ လဲဆိုတော့ ၎င်းအနေနဲ့ ဦးနှောက်ကနေ အချက်အလက်ရယူမှု လိုအပ်ပြီးတော့ မှန်ကန်စွာ စကားလုံးတွေကို ပြောဆိုရပြီး၊ ဆက်ဆံမှု ပြုလုပ်ကြရပါတယ်။

    ဘာသာစကားအခက်အခဲနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကတော့ နှုတ်အမူအရာ ပြုလုပ်ဖို့ ခက်ခဲခြင်း၊ (ဥပမာ- ပုံပြင်တစ်ပုဒ်အကြောင်းပြန်ပြောခြင်း၊ မိန့် ခွန်း ပြောတတ်ခြင်း၊ စကားလုံးများကို နားလည်သဘောပေါက်ခြင်း၊ ဝါစင်္ဂ များကို နားလည်ခြင်းနဲ့ အရပ်ဒေသ လမ်းကြောင်း မြေပုံများကို နားလည်တတ်ခြင်းကို ခေါ်ဆိုပါတယ်။)
    အကြားအာရုံနဲ့ အမြင်အာရုံ ချို့ တဲ့ခြင်း။ ( မျက်စိနဲ့ နား ရဲ့ အရေးပါမှု)မျက်စိ များနဲ့ နားတွေဟာ အချက်အလက်ကို ဦးနှောက်သို့ သွင်းယူရာ၌ ပင်မအရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ဒီနေရာမှာ အတွင်းသို့ သွင်းယူရခြင်း Input လို့ ခေါ်ဆိုပါတယ်။ တကယ်လို့ နားနဲ့ မျက်စိတွေက အလုပ်မလုပ်တော့ရင် သင်ကြားရေးမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

    အကြားအာရုံပိုင်းဆိုင်ရာချို့ တဲ့ခြင်း။

    ကျွန်တော်တို့ သင်ယူမှု မှာ အကြားအာရုံကောင်းမွန်မှပဲ သင်ကြား သင်ယူလို့ ရပါတယ်။ ဒီစနစ်တွေမကောင်းမွန်ပဲ ချို့ ယွင်းမှု ရှိတယ်ဆိုရင်တော့ ဘယ်လိုမှ ဦးနှောက်ကို အချက်အလက် ပေးပို့ နိုင်မှာမဟုတ်ပါဘူး။ ဒီစနစ်ကောင်းမှပဲ ဖတ်နိုင်မယ်၊ ရေးနိုင်မယ်၊ စာလုံးပေါင်းနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ အသံတွေကို မခွဲခြားနိုင်မှု၊ မှားယွင်းစွား ကြားရနိုင်မှု၊ ပြီးတော့ မိမိကိုယ်တိုင်လည်း စကားလုံးရဲ့ အသံထွက်ကို မထွက်နိုင်တော့ပဲဖြစ်သွားမှာပါ။

    အမြင်အာရုံ ပိုင်းဆိုင်ရာ ချို့ တဲ့ခြင်း။

    အမြင်အာရုံချို့ တဲ့မှု က အရာဝတ္ထု ရဲ ပုံသဏ္ဌာန်ကို ကွဲပြာစွာ မမြင်နိုင်ခြင်း၊ ဂဏန်း နံပါတ်များ ပြောင်းပြန် မြင်နေရခြင်း၊ စာများကို ကျော်ဖတ်မိခြင်း၊ စာကြောင်းများကို ချန်လှပ်ခဲ့ခြင်း၊ အတိမ်အနက် ကို လွဲချော်မှားခြင်း၊ မျက်စိ-လက် ပေါင်းစည်းမှု ခက်ခဲခြင်း တို့ ဖြစ်တတ်ပါတယ်။ ဒီလို ချို့ ယွင်းမှုကြောင့် ရွေ့ လျားခြင်း (အသေးစားနဲ့ အကြီးစား ရွေ့လျားမှု) များတွင် သက်ရောက်နိုင်ခြင်း၊ နားလည်စွာ မဖတ်နိုင် ခြင်းနဲ့ သင်္ချာပိုင်းဆိုင်ရာမှာ အားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။

    ဒီလိုဆိုကျွန်တော်တို့ သင်ကြားမှု၊ သင်ယူမှု အခက်အခဲတွေ ဘာကြောင့် ဖြစ်တတ်တာကို အသေးစိပ်သိရှိပြီး ဖြစ်နေပြီလို့ ယူဆမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားသော အရာတွေလည်း ဒီ သင်ကြား၊သင်ယူ မှုကို ခက်ခဲစေမှု ပြုလုပ်တာတွေရှိပါတယ်။ လူအများ သိထားပြီးသား ဖြစ်နေမှာပါ။ ၎င်းအရာများက
    ၁။ ADHD (Attention deficit hyperactivity disorder) ဂဏာမငြိမ် ဖြစ်ခြင်း၊ အာရုံစူးစိုက်မှု လစ်လပ်ခြင်း၊ ကိုဆိုလိုပါတယ်။
    ၂။ Autism အော်တစ်ဇင် ( စိတ်ဓာတ်ကျဆင်းမှု၊ မှတ်ဉာဏ်မမှီမှု ရောဂါ) တို့ ဖြစ်ပါတယ်။

    ဒါဆိုရင် စာဖတ်သူ ပရိသတ်တို့ သင်ကြားမှု။ သင်ယူမှု အခက်အခဲ ဖြစ်ခြင်းဝေဒနာကို သေချာနားလည်ပြီလို့ ယုံကြည်ပါတယ်။ သင့်မှာ ယခုတင်ပြခဲ့တဲ့ ရောဂါဝေဒနာခံစားနေရတဲ့ ညီ၊အစ်ကို များရှိပါက ဒီဖြစ်စဉ်များကို နှိုင်းယှဉ်ပြီး နီးစပ်ရာ Special Needs ကျောင်းတွေကို ပို့ဆောင်ပေးပါ။ ကူညီပါ။ စာနာပါ။ သနားပါ။ သူတို့ လေးတွေဟာ ဉာဏ်ထိုင်းသူတွေမဟုတ်ပါ။ ဉာဏ်မမှီသူတွေမဟုတ်ပါ။ တုံးအ တဲ့သူတွေမဟုတ်ပါ။ မွေးဖွား လာရာ ဇီဝဖြစ်စဉ် မတူကွဲပြားခြင်းကြောင့် လူတစ်ယောက်နဲ့ တစ်ယောက် လုပ်ဆောင်ပုံ အင်မတန်မှ ကွဲပြားတဲ့အတွက်ကြောင့် စာနာ နားလည်ပေးခြင်းဖြင့် ကျွန်တော်တို့ အားလုံး မတူကွဲပြားစွာ လုပ်ဆောင် နိုင်ကြပါတယ် ဆိုရင်း… နိဂုံးချုပ်အပ်ပါတယ်။

    Thar Htoo (ရိုးရာလေး)
    Ref: HelpGuideORG

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top