သေဒဏ်မစီရင်မှီ ဘယ်လို အစားအသောက်တွေ စားသွားလဲ

prisoner-with-handcuffs-on-hands.jpg

ကိုယ် အသက်ရှင်ရဖို့ အချိန်မကျန်တော့ဘူးဆိုတာ သိခဲ့ရင် နောက်ဆုံးအနေနဲ့ ဘယ်လို အစားအသောက်တွေ စားသွားချင်လဲ။ ဘာအလုပ်တွေ လုပ်သွားချင်လဲ။ အသက် ၄၅ နှစ်အရွယ် ဂျော်ဂျီယာနယ်သား ဂျေဒဗလျူ လက်ဒ်ဖော့ဒ် (J W Ledford Jr) ဆိုသူဟာ လူသတ်မှုကြောင့် သေဒဏ်စီရင်ခံခဲ့ရပါတယ်။

သူမသေခင် ကြိုက်နှစ်သက်ရာ အစားအသောက်တွေ တောင်းဆို စားသောက်ခွင့် ပေးတဲ့အချိန်မှာတော့ အမဲသားနုအလွှာထူ၊ ဘေကွန်အသားပြား၊ ပက်ပါဂျက် ဒိန်ခဲ၊ ကြက်ကြော်၊ ဝက်သားပြားဟင်းလျာ၊ ကြက်သားမုန့်နှစ်ကြော်တွေကို မှာယူစားသောက်ခဲ့ပါတယ်။ အဲဒီအပြင် အာလူးကြော်၊ သစ်သီးမုန့်၊ ရေခဲမုန့်တွေကိုပါ အားပါးတရ စားသောက်ခဲ့ပြီး Sprite အချိုရည်သောက်ရင်း အဆုံးသတ်ခဲ့ပါတယ်။ တရားခံဟာ သူ့ကို စောင့်ကြည့်နေတဲ့ သူတွေကိုလည်း ဆဲဆိုခဲ့ပါသေးတယ်။

လက်ဒ်ဖော့ဒ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆေးထိုး ပြီး သေဒဏ်စီရင်တာခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဒေါက်တာ ဟယ်ရီ ဂျွန်စတန်ဆိုသူ ဆရာဝန်တစ်ယောက်ကို ဓားနှုဲ ထိုးသတ်ခဲ့တဲ့ ပြစ်မှုကြောင့် အခုအပြစ်ဒဏ်ခံရတာ ဖြစ်ပါတယ်။ တရားခံ လက်ဒ်ဖော့ဒ်ကိုလည်း နောက် သူ့ကို သေဒဏ်စီရင်ချက် အတည်ပြု မချမှတ်မီမှာ နှစ်ပေါင်းများစွာ အကျဉ်းချထားတာကြောင့် ဒီ ဥပဒေတွေဟာ ရက်စက်လွန်းရာကျတယ်လို့ လူတချို့က ဝေဖန်နေကြပါတယ်။

Ref: The Independent; “Man on death row eats 5,500-calorie final meal “

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top