ပိုကြီးပြီး ပိုမြန်တဲ့ သံလိုက်ရထား မျိုးဆက်သစ်ကို တရုတ်မှာ ဖန်တီး စမ်းသပ်

3be98dbcaa834b0f85ca74276dbce850.jpeg

တရုတ်နိုင်ငံရဲ့ ရထားထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုက လက်ရှိ ရထား မော်ဒယ်လ်ထက် ၆၀ ရာခိုင်နှုန်းလောက် ပိုမြန်ပြီး တစ်နာရီကို ၁၆၀ ကီလိုမီတာ အမြန်နှုန်းနဲ့ သွားနိုင်တဲ့ သံလိုက်ရထား မျိုးဆက်သစ်ကို ဖန်တီးလိုက်ပြီး ဟူနန် (Hunan) စီရင်စုရဲ့ မြို့တော် Changsha မှာ မနေ့က စမ်းသပ် မောင်းနှင်ခဲ့ပါတယ်။

ဒီ မော်ဒယ်လ်အသစ်ဟာ အရင်မော်ဒယ်လ်နဲ့ ယှဉ်ရင် အလေးချိန် ၆ မက်ထရစ်တန် (၆၀၀၀ ကီလိုဂရမ်) ကျော်ကို ပိုမိုသယ်ယူနိုင်မှာဖြစ်သလို ရုန်းဆွဲနိုင်မှုပိုင်းမှာလည်း အရင်မော်ဒယ်လ်ထက် ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ Zhuzhou ရထားအင်ဂျင် ထုတ်လုပ်ရေးကုမ္ပဏီရဲ့ သံလိုက်ရထား ထုတ်လုပ်ရေး သုတေသနခေါင်းဆောင် Tong Laisheng က ဆိုပါတယ်။ ဒီရထားမှာ တွဲသုံးတွဲပါရှိပြီး ခရီးသည် ၅၀၀ လိုက်ပါ စီးနင်းနိုင်မှာပါ။

ဒီ ရထားမော်ဒယ်လ်သစ်ဟာ အနာဂတ်ကာလ သံလိုက်ရထားစနစ်အတွက် နည်းပညာပိုင်းဆိုင်ရာ အခြေခံတစ်ခု ဖြစ်လာမယ်လို့ Tong က ခန့်မှန်းထားသလို Zhuzhou ရထားအင်ဂျင် ထုတ်လုပ်ရေး ကုမ္ပဏီကလည်း နည်းပညာ ပိုမြင့်မားပြီး တစ်နာရီကို ၂၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့ သွားနိုင်မယ့် သံလိုက်ရထား မော်ဒယ်လ်တစ်ခုကို ထပ်မံ ဖန်တီးနေသေးတယ်လို့ သိရပါတယ်။

Ref: CGTN, Xinhua “China tests new generation of faster, bigger maglev”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top