pen pineapple apple pen သီချင်းကြောင့် ၂၅ နှစ်စာလုပ်ခရှိတဲ့ ဝင်ငွေတွေရခဲ့ပါတယ်ဆိုတဲ့ ပီကိုတာရို

PPAP-Guy.jpg

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ pen pineapple apple pen သီချင်းသီဆိုသူ ဂျပန်ဟာသ မင်းသား ပီကိုတာရို (Pikotaro) ဟာ သူ့ရဲ့ နားဝင်ချိုပြီးမှတ်မိလွယ်တဲ့ PPAP သီချင်းကြောင့် ၂၅ နှစ်ကြာလောက်လုပ်မှရမယ့် ဝင်ငွေတွေရခဲ့ပါတယ်လို့ အောက်တိုဘာလ ၃ ရက်နေ့မှာ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

pen pineapple apple pen (PPAP) သီချင်းဟာ ၂၀၁၆ ဩဂုတ်လ ၂၅ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သီချင်းဗီဒီယိုဖြစ်ပြီး ထွက်ထွက်ချင်းမှာပဲ နားထောင်သူများခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ဇူလိုင်လ အရောက်မှာတော့ ဒီသီချင်းကို ကြည့်ရှုသူ ၁၂၂ သန်းကျော်ရှိခဲ့ပြီး ဒီသီချင်းပုံစံကို တုပပြီး သီဆိုထားတဲ့ သီချင်းအများအပြားထွက်လာခဲ့ကာ Gangnam Style အသစ်လို့တောင် သတင်းစာများက ခေါ်ဆိုခဲ့ကြပါတယ်။ ဒီသီချင်းဟာ ဂျပန် Billboard Hot Song ၁၀၀ ထဲမှာ နံပါတ် ၁ ရပ်တည်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

သီချင်းထွက်ပြီး တစ်လလောက်အကြာမှာပဲ နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့တဲ့ ပီကိုတာရို ဟာ ဝင်ငွေအများအပြားရခဲ့ပြီး Non Stop TV Show မှာတော့ သူဟာ ဒီသီချင်းကြောင့် ယန်း သန်းရာပေါင်းများစွာ ဝင်ငွေရခဲ့တယ်လို့ ပြောခဲ့ပြီး ဒီငွေပမာဏဟာ သူ့ရဲ့ ၂၅ နှစ်ကြာလုပ်ခလောက်ရှိတယ် လို့ပြောခဲ့ပါတယ်။ ဝင်ငွေအများစုကတော့ စီးပွားရေးကြော်ငြာများ ရိုက်ကူးပေးခြင်း၊ ဧည့်ခံပွဲတွေ တက်ပေးခြင်းမှ ရခဲ့တာဖြစ်တယ်လို့ ပီကိုတာရိုက ဆိုပါတယ်။ PPAP သီချင်းကြောင့် PPAP ကဖေးဆိုင်နဲ့ ကာတွန်း TV Series တစ်ခုတောင် ထွက်ပေါ်လာခဲ့ပါသေးတယ်။ ပီကိုတာရိုဟာ ဩဂုတ်လတုန်းကမှ သူနဲ့ ၄ နှစ်ကြာတွဲလာခဲ့တဲ့ ချစ်သူဖြစ်သူ ဟီတိုမီယာဆူဒါ နဲ့လက်ထပ်ခဲ့ပါတယ်။

PPAP သီချင်းရဲ့ အရှိန်ဟာ အခုချိန်မှာပျောက်ဆုံးသွားပြီဖြစ်ပေမဲ့ ဒီသီချင်းကို ဖန်တီးသူ တစ်ယောက်ဖြစ်တဲ့ ပီကိုတာရိုအတွက် အကျိုးကျေးဇူးအများကြီး ဆောင်ကျဉ်းပေးသွားတယ် လို့ပဲဆိုရမှာပါ။

Ref : Star News : Piko Taro earnings from ‘pen pineapple apple pen’

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top