ဝူဟန်မြို့မှာ (၈)ရက်အတွင်း တည်ဆောက်ခဲ့တဲ့ ဆေးရုံကို ဖွင့်လှစ်တော့မယ်

yyl-008.jpg

ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ကူးစက်ပျံ့နှံခဲ့တဲ့ ဝူဟန်မြို့မှာ (၈)ရက်အတွင်း တည်ဆောက်ထားတဲ့ ဆေးရုံသစ်ကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်တော့မှာပါ။ ခုတင်(၁,၀၀၀)ဆံ့တဲ့ ဟွာရှင်းရှန်ဆေးရုံဟာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တဲ့ ဆေးရုံ(၂)ရုံအနက် တစ်ရုံဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၃၆၁ ယောက်ရှိနေပြီး ကူးစက်ခံရသူ ၁၇,၀၀၀ ကျော်ရှိနေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတစ်ယောက် သေဆုံးခဲ့တာပါ။ တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာ သံသယရှိသူ ၂၁,၅၅၈ ဦး၊ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်နေသူ ၁၅၂,၇၀၀ ဦး၊ ဆေးရုံကနေ ပြန်ဆင်းခွင့်ရခဲ့သူ ၄၇၅ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ (၈)ရက်အတွင်း တည်ဆောက်ခဲ့တဲ့ ဟွာရှင်းရှန်ဆေးရုံသစ်ကို ဒီကနေ့ ဖွင့်လှစ်မှာဖြစ်ပြီး ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ တရုတ်စစ်တပ် ကျန်းမာရေးဝန်ထမ်း(၁,၄၀၀)ကို ဒီဆေးရုံမှာ တာဝန်ချမှာဖြစ်ပါတယ်။ ခုတင်(၁,၃၀၀)ဆံ့တဲ့ လဲ့ရှင်းရှန်ဆေးရုံကတော့ တည်ဆောက်ချိန် သီတင်းပတ်(၂)ကျော် ကြာမြင့်နေပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်နိုင်မယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top