ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ မွေးသူတွေဟာ အောင်မြင်ကျော်ကြားနိုင်ချေနဲ့ ချမ်းသာနိုင်ချေပိုများ

1.jpg

မွေးလတွေပေါ်မူတည်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းတွေ ဘယ်လိုကွဲပြားခြားနားစွာ လုပ်ကိုင်နေကြတယ်ဆိုတာကို သိရှိနိုင်ဖို့ အင်္ဂလန်နိုင်ငံအခြေပြု စာရင်းစစ်ဌာနကနေပြီး လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

သုတေသနတွေ့ရှိချက်အရ ဇန်နဝါရီလ မွေးသူတွေဟာ ဆေးပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေများပြီး ကြွေးမြီ တစ်ဆင့်ခံတောင်းပေးကြတဲ့ ပွဲစားတွေအနေနဲ့ လုပ်ကိုင်ကြသူများတယ်လို့ ဆိုပါတယ်။ နောက်ထပ် ၎င်းဇန်နဝါရီလမှာ မွေးဖွားတဲ့သူအများစုဟာ CEO ဖြစ်ကြသူတွေများတယ်လို့ ဆိုပါတယ်။ (၁၉၉၂) ခုနှစ်ကနေပြီး (၂၀၀၅) ခုကြားတည်ထောင်ခဲ့တဲ့ ကုမ္ပဏီပေါင်း (၅၀၀) ကျော်ရဲ့ CEO တစ်ဆယ်ရာခိုင်နှုန်းဟာ ဇန်နဝါရီလဖွားတွေဖြစ်ကြောင်း စစ်တမ်းများအရ သိရှိခဲ့ရပါတယ်။ ဒါကြောင့်မို့ ဇန်နဝါရီလဟာ CEO မွေးထုတ်မှုအများဆုံး ထိပ်တန်း လ (၅)လ ထဲမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။

ကျန်းမာရေးဘက်ကကြည့်မယ်ဆိုရင်တော့ ဇန်နဝါရီလမွေးသူတွေဟာ အကြိုဇရာရောဂါ/အယ်ဇိုင်းမား (Alzheimer)၊ ဝက်ရူးပြန်ရောဂါနဲ့ ဝမ်းဖောဝမ်းရောင်ရောဂါတွေကြောင့် သေဆုံးကြတာများတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဖေဖော်ဝါရီလဖွားတွေကတော့ အနုပညာဘက်ကို စွဲလမ်းမှုအထုံပါကြပြီး အဆုတ်နဲ့ အဆုတ်ပြွန်ကင်ဆာရောဂါတွေကြောင့် သေဆုံးရတတ်တယ်လို့ ဆိုပါတယ်။

အဲလ်လန် ဒီဂျန်နရက်စ် (Ellen DeGeneres)၊ အိုပရာ (Oprah)၊ ဘော့ဘ် မာလေ (Bob Marley)၊ ဂျနီဖာ အန်နစ်စတန် (Jennifer Aniston)၊ ဟယ်ရီ စတိုင် (Harry Styles) စတဲ့ အောင်မြင်ကျော်ကြားသူ အများစုကိုဆိုရင်လည်း ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာပဲ မွေးဖွားခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထင်ရှားဆုံးဥပမာပြစရာလူကတော့ ဖေဖော်ဝါရီ (၁၃) ရက်မွေးခဲ့တဲ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်ပါတယ်။

Ref : Tiphero “Study Finds That People Born In January and February Are More Likely To Become Rich And Famous”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top