အာဂျင်တီးနားကို မက်ဆီ ဆွဲတင်တာထက် ရော်နယ်ဒိုက ပေါ်တူဂီကို ပိုဆွဲတင်နိုင်

64451213_2436397556391150_8467554700105875456_n.jpg

အာဂျင်တီးနားအသင်းမှာ မက်ဆီတစ်ယောက်တည်း ရုန်းကန်နေရတဲ့အတွက် ဆုဖလား ဆွတ်ခူးနိုင်ဖို့ ခက်ခဲနေတာလို့ တွေးကောင်းတွေးမိကြမှာပါ။ ဒါပေမဲ့ အချက်အလက်တွေအရဆိုရင်တော့ ဒါက လုံးဝဥဿုန် မမှန်ပါဘူး။ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားက မက်ဆီလား၊ ရော်နယ်ဒိုလားဆိုတာ ငြင်းခုံကြတိုင်း မက်ဆီရဲ့ပရိသတ်တွေ ကြုံရတဲ့ အခက်အခဲကတော့ မက်ဆီရဲ့ လက်ရွေးစင်အသင်း အောင်မြင်မှုပဲ ဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ဆုဖလားမျိုးစုံ ဆွတ်ခူးနိုင်ခဲ့ပေမဲ့ အာဂျင်တီးနားနဲ့အတူ ဖလားတစ်လုံးမှ ဆွတ်ခူးနိုင်ခြင်းမရှိပါဘူး။ ရော်နယ်ဒိုကတော့ ပေါ်တူဂီနဲ့အတူ ဆုဖလား (၂) လုံး(ယူရိုဖလား၊ Nations Leagueဖလား) ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက မက်ဆီတစ်ယောက်တည်းအပေါ် မှီခိုနေတဲ့အတွက် ဒီလိုဖြစ်ရတာလို့ တွေးထင်နေကြပါတယ်။ ဒါပေမဲ့ အချက်အလက်တွေအရဆိုရင် လက်ရွေးစင်အသင်းမှာ မက်ဆီထက် ရော်နယ်ဒိုက ပိုရုန်းကန်နေရတယ်လို့ ယူဆစရာပါ။

ပေါ်တူဂီမှာ ရော်နယ်ဒိုရဲ့အသင်းဖော် (၂၂) ယောက်က (၃၃) ဂိုးပဲ သွင်းထားချိန်မှာ ရော်နယ်ဒိုက (၈၈) ဂိုးသွင်းထားပါတယ်။ အာဂျင်တီးနားမှာတော့ မက်ဆီရဲ့အသင်းဖော် (၂၂) ယောက်က (၇၄) ဂိုးအထိ သွင်းထားပြီး မက်ဆီက (၆၇) ဂိုးသွင်းထားတာ တွေ့ရပါတယ်။
ဒါဟာ အသင်း (၂) သင်းရဲ့ ကစားပုံ၊ ဂိုးပေါက်ဆာလောင်မှုတွေအပေါ်မှာလည်း မူတည်နိုင်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ဗိုလ်လုပွဲ (၃) ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂျာမနီ၊ ၂၀၁၅ ၊ ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ချီလီအသင်းကို ရှုံးနိမ့်ပြီး လက်ရွေးစင်အသင်းနဲ့အတူ ဆုဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top