ရာသီကုန်အထိ နားရဖို့ရှိနေတဲ့ ဒီဘရိုင်း

ff4.jpg

မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ တံကောက်ကြော စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရဖို့ ရှိနေပါတယ်။ ဒီဘရိုင်းဟာ စပါးကို (၁-ဝ) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် ပွဲချိန် (၃၈) မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

သူဟာ ကြာသပတေးနေ့နံနက် ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး လာမယ့် (၂) ပတ်အတွင်း အပြည့်အဝလေ့ကျင့်ခန်းဆင်းလောက်တဲ့ ကြံ့ခိုင်မှုမျိုးရှိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် ပွဲစဉ် ၄ ပွဲလုံးကို လွဲချော်ရဖို့ ရှိနေသလို လာမယ့်လအတွင်း ကျင်းပမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲအမီပြန်သက်သာလာဖို့တောင် မသေချာပါဘူး။ မန်စီးတီးဟာ မန်ချက်စတာဒါဘီပွဲစဉ်ပြီးရင် ဘန်လေ၊ လက်စတာ၊ ဘရိုက်တန်တို့နဲ့ ကစားရမှာပါ။ ဒီဘရိုင်းဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ပထမရာသီဝက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲပဲ ပါဝင်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့မတ်လကလည်းတံကောက်ကြောဒဏ်ရာရခဲ့လို့ နောက်ထပ်တစ်လ အနားယူခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top