မြန်မာကစားသမား ပုညစိုင်း ပါဝင်သည့် ONE Warrior Series (5) ၏ စိတ်ဝင်စားဖွယ် ကစားသမားတွဲဆိုင်းများ

OWS-hero-1400px-web-1200x800.jpg

ဧပြီ (၂၅) ရက်နေ့တွင် ONE Warrior Series (OWS) ပြိုင်ပွဲအား စင်္ကာပူနိုင်ငံတွင်ကျင်းပမည်ဖြစ်ပြီး တက်သစ်စ လူသစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ONE Championship အဖွဲ့ကြီး၏ အခြေစိုက်နိုင်ငံဖြစ်သော စင်္ကာပူတွင်ကျင်းပသည့်ပွဲများတွင် အလားအလာကောင်းသည့်လူသစ်များစွာကို ပွဲထုတ်ခဲ့ပြီးဖြစ်သကဲ့သို့ ပင်ကိုယ်ဗီဇထူးချွန်သည့် မျက်နှာသစ်အားကစားသမား တချို့မှာလည်း အဓိကပြိုင်ပွဲကြီးများတွင် ပါဝင်ယှဉ်ပြိုင်သည့်အထိ အောင်မြင်မှုရရှိခဲ့ကြပြီးဖြစ်သည်။

ယခုပြိုင်ပွဲတွင် လူသစ်အားကစားသမား (၁၈) ဦး ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး
ONE Warrior Series (5) ပြိုင်ပွဲကြီး၏ ဆလိုက်မီးရောင်အောက်တွင် ၎င်းတို့၏ပြောင်မြောက်သော ကိုယ်ခံပညာစွမ်းရည်များကို သက်သေပြသခွင့်ရရှိ ကြမည်ဖြစ်သည်။

အဓိကပြိုင်ပွဲကြီးတပွဲအဖြစ် စောင့်မျှော်ကြည့်ရှုရမည့်ယှဉ်ပြိုင်ပွဲမှာ ဝယ်တာဝိတ်တန်းမှ Gunther
“The Beast” Kalunda (5-0) နှင့် Carlos “Carlao” Prates တို့၏ ပြိုင်ပွဲဖြစ်သည်။ Gunther“The Beast” Kalunda သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမှတ်တမ်းတွင် (၅) ပွဲနိုင်မှတ်တမ်းတင်ထားသူဖြစ်ပြီး Carlos “Carlao” Prates သည် (၈) ပွဲနိုင် (၄) ပွဲရှုံးမှတ်တမ်းတင်ထားသူဖြစ်သည်။

Kalunda သည် အာဖရိကတိုက်၏ အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့ကြီးဖြစ်သော Extreme Fighting Championship (EFC) ၏ ရှုံးပွဲမရှိ ဝယ်တာဝိတ်ချန်ပီယံအဖြစ် တောင်အာဖရိကနိုင်ငံ၊ ဂျို ဟန်နဘတ်ဂ်မြို့မှ စင်္ကာပူသို့ လာရောက်မည်ဖြစ်သည်။

သို့သော် ၎င်းသည် ONE Warrior Series ပြိုင်ပွဲမှတဆင့် ONE Championship သို့ ကူးပြောင်းရန် အခွင့်အရေးကိုဆုပ်ကိုင်နိုင်ရေးအတွက် ဇာတိမြေမှ စွန့်စွန့်စားစားထွက်ခွာခဲ့ခြင်းဖြစ်သည်။ ယင်းအချက်မှာ ဖွံံ့ဖြိုးဆဲလိဂ်တခုဖြစ်သော ONE Warrior Series (OWS) အတွက် အလားအလာကောင်းများဟု ဆိုရပါမည်။

မည်သို့ပင်ဖြစ်စေ ပြောင်ပြောင်မြောက်မြောက် ထိုးနှက်တိုက်ခိုက်ကစားတတ်သူ Prates နှင့် ရင်ဆိုင်ယှဉ်ပြိုင် ရမည့်ပွဲမှာ သူ့အတွက် ကြမ်းတမ်းခက်ခဲမှုများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဘရာဇီးအားကစားသမား Prates သည် ဖူးခက်ထိပ်တန်းအသင်းကို ကိုယ်စားပြုယှဉ်ပြိုင်မည့်သူဖြစ်ပြီး ထိုင်းနိုင်ငံ၏ ထိပ်တန်းမွေထိုင်းပြိုင်ပွဲများစွာကို ရင်ဆိုင်ထိုးသတ်ခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် Prates သည် ပြိုင်ဘက်အား (၂၈) စက္ကန့်ဖြင့် အလဲထိုးအနိုင်ယူခဲ့သည့် မှတ်တမ်းရှိသူလည်း ဖြစ်သည်။

ယခုပြိုင်ပွဲတွင် တကျော့ပြန်ယှဉ်ပြိုင်မည့် အားကစားသူရဲကောင်းများစွာလည်း ပါဝင်မည်ဖြစ်သည်။ စိတ်လှုပ် ရှားဖွယ်ကောင်းသည့် နောက်ထပ်ပြိုင်ပွဲတပွဲမှာ ဘင်တန်ဝိတ်တန်းမှ Shinechagtga Zoltsetseg နှင့် Chan Samart တို့ ထိုးသတ်မည့်ပွဲဖြစ်သည်။

Shinechagtga Zoltsetseg သည် (၈) ပွဲနိုင်၊ (၂) ပွဲရှုံးနှင့် (၁) ပွဲသရေမှတ်တမ်း
တင်ထားသူဖြစ်ပြီး (၂) ပွဲရှုံး၊ (၁) ပွဲသရေရလဒ်မှာ ONE Warrior Series (OWS) တွင် ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းဖြစ်သည်။ Chan Samart သည် (၂) ပွဲနိုင်၊ (၄) ပွဲရှုံး မှတ်တမ်းရှိပြီး ONE Warrior Series (OWS) တွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းတင်ထားသူဖြစ်သည်။

မွန်ဂိုလီယားမှ Shinechagtga အိုလံပစ်ဘောင်ဆင်အားကစားသမားတဦးဖြစ်ခဲ့ခြင်းကြောင့် ကိုယ်ခံပညာသိုင်း ပေါင်းစုံပြိုင်ပွဲဝင်များအနက် လက်သီးထိုးချက်အကောင်းဆုံးအားကစားသမားများတွင် အပါအဝင်ဖြစ်သည်။ (OWS) ပြိုင်ပွဲကြိုးဝိုင်းအတွင်း Shinechagtga သည် ပြိုင်ဘက် Akuri Ronda အား (၅၈) စက္ကန့်ဖြင့် အလဲထိုး အနိုင်ယူခဲ့ပြီး ပြီးခဲ့သော ဖေဖေါ်ဝါရီလအတွင်းက ကျင်းပခဲ့သည့် ONE Warrior Series (4) ပြိုင်ပွဲတွင် ပြိုင်ဘက် Ali Motamed အား ဒုတိယအချီတွင် အနိုင်ယူကာ သူ့၏ လက်သီးစွမ်းရည်ကို သက်သေထူခဲ့ပြီးဖြစ်သည်။

ယခုပြိုင်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ Chan Samart သည် ကမ္ဘောဒီးယားရိုးရာကိုယ်ခံပညာ ခွန်ခမာကျွမ်းကျင်မှုကို အသုံးချပြီး Shinechagtga အား ထိုးနှက်တိုက်ခိုက်မှုစွမ်းရည်ခြင်းယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Chan Samart သည် ပြီးခဲ့သောနှစ်ကကျင်းပခဲ့သည့် ပထမဆုံးသော OWS ပြိုင်ပွဲတွင် သူ့၏ခွန်ခမာကိုယ်ခံပညာစွမ်းရည်အား ပြသကာ ပြိုင်ဘက် Detchadin Sornsirisupathin အား အံ့မခမ်းအလဲထိုးအနိုင်ယူခဲ့သည်။

OWS 5 ပြိုင်ပွဲ၏ တွဲဆိုင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Gunther Kaluda နှင့် Carlos Prates (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – ဝယ်တာဝိတ် )
  • Pardeep Kumar နှင့် Ahmed Faez Anuar (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – လိုက်ဝိတ် )
  • Shinechagtga Zoltsetseg နှင့် Chan Samart (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – ဘင်တန်ဝိတ်)
  • Cameron Rowston နှင့် Mahdi Bagheri (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – မစ်ဒဲဝိတ် )
  • Jerry Olsim နှင့် Hiroyasu Sakurai (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – ဖယ်သာဝိတ် )
  • Alan Philpott နှင့် Min Jong Song (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – ဘင်တန်ဝိတ် )
  • Punnya Sai နှင့် Shafkat Khodzhkulov (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – ဘင်တန်ဝိတ်)
  • Kieran Joblin နှင့် JD Hardwick (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – လိုက်ဝိတ် )
  • Kristy Obst နှင့် Claudia Diaz (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – အမျိုးသမီး စထောဝိတ်)
  • Ricky Alchin နှင့် Koji Shikuwa (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – မစ်ဒဲဝိတ် )
  • Mohamad Norhidayat နှင့် Sanya Kongkatonk (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – စထောဝိတ် )
  • Ismael Bandiwan နှင့် Arif Izzudin (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – စထောဝိတ် )
  • Neha Kashyap နှင့် Roshnee Khaira (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – အမျိုးသမီးအက်တမ်ဝိတ် )
  • Ji Yeon Seo နှင့် Yuko Suzuki (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – အမျိုးသမီးအက်တမ်ဝိတ် )
  • Philip Kim နှင့် Taeho Bak (ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား – ဖလိုင်းဝိတ် )

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top