ဘရာဇီးတိုက်စစ်မှူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ နယူးကာဆယ်

67270221_2497428376954734_56763189727068160_n.jpg

နယူးကာဆယ်အသင်းဟာ ဟော့ဖန်ဟိမ်းအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး ဂျိုလင်တန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) နဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ်ရှိတဲ့ ဂျိုလင်တန်ဟာ ပြီးခဲ့တဲ့ရာသီက ဟော့ဖန်ဟိမ်းအသင်းအတွက် ဘွန်ဒက်စ်လီဂါသွင်းဂိုး (၇)ဂိုးသွင်းယူခဲ့သူပါ။

နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်ကတော့ ဂျိုလင်တန်က ပေါင်သန်း (၂၀) လောက်ပဲ တန်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး သူသာ ဆိုရင် ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့တဲ့ တိုက်စစ်မှူး ရွန်ဒွန်(ဝက်စ်ဘရွန်းအသင်းကနေ အငှားလာရောက်ကစားနေသူ)ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

ဂျိုလင်တန်ဟာ နယူးကာဆယ်နည်းပြသစ် စတိဗ်ဘရုစ်လက်ထက်မှာ ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။ နယူးကာဆယ်အသင်းနဲ့အတူ (၆) နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ဂျိုလင်တန်ဟာ နယူးကာဆယ်အသင်းမှာ ရွန်ဒွန် ဝတ်ဆင်ခဲ့တဲ့ နံပါတ် (၉) ဂျာစီကို ဝတ်ဆင်ကစားမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top