စိတ်ဓာတ်ကြံ့ခိုင်သူတွေ အလုပ်ခွင်ထဲမှာကျင့်သုံးလေ့ရှိကြတဲ့ နည်းလမ်း (၄) သွယ်

off1.jpg

အလုပ်ခွင်ထဲရောက်လာတဲ့အချိန်ဆို ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေတဲ့သူတွေနဲ့ လုပ်ှုန်းခွင်ဝင်နေသူတိုင်းနီးပါး ကြုံတွေ့ကြရတတ်ပါတယ်။ စာဖတ်သူတို့လည်း ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်စေတဲ့သူဟာ ကိုယ့်အလုပ်မှာ မကြာခဏအသိအမှတ်ပြုခံရတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း လုပ်ဖော်ကိုင်ဖက်တွေကို အတင်းအဖျင်းပြောတတ်တဲ့သူ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလူတွေဟာ ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဓာတ်ခွန်အားကို လျော့နည်းအောင် လုပ်ဆောင်နေသူတွေ ဖြစ်ပါတယ်။ ကိုယ်က ဂရုမစိုက်ဘူးဆိုရင် ကိုယ့်အလုပ်ပေါ်မှာထားတဲ့ သုံးသပ်ချက်တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်ခွင်ထဲမှာ အလုပ်တွဲလုပ်ဖို့ ခက်ခဲတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတဲ့အခါ အသုံးဝင်နိုင်မဲ့နည်းလမ်းတချို့ကို စာဖတ်သူတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ကြိုးစားတယ်
အလုပ်ထဲမှာ တခြားလူတွေ ဘာလုပ်နေလဲဆိုတာ မထိန်းချုပ်နိုင်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ တခြားလူတွေကို မထိန်းချုပ်နိုင်ပေမဲ့လည်း သူတို့ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ စကားမပြောဘဲ တိတ်တိတ်နေတာဟာ ဒီလိုလုပ်ဖော်ကိုင်ဖက်တွေကို အကောင်းဆုံးချဉ်းကပ်နည်းဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် စောဒကမတက်နိုင်အောင် နေတယ်
ကျွန်မတို့အားလုံးမှာ စိတ်ပျက်စရာတွေကို စွန့်လွှတ်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ ပြဿနာကို အာရုံစိုက်ပြီး အဖြေရှာဖို့ အဟန့်အတားဖြစ်စေတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်သူဌေးကို စောဒကတက်လိုက်တာဟာ ကိုယ့်အခြေအနေကို မကိုင်တွယ်နိုင်လို့ အပြစ်တင်ညည်းညူနေတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် အဆင်မပြေဘူးလို့ စောဒကတက်နေမဲ့အစား ဖြေရှင်းဖို့နည်းလမ်းကို ရှာဖွေပါ။

၃။ ကိုယ့်ခံစားမှုအတွက် ကိုယ့်မှာပဲတာဝန်ရှိတယ်လို့ လက်ခံကြတယ်
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်က ကိုယ်နဲ့ အဆင်မပြေတာမျိုး ဒါမှမဟုတ် တခြားလူတွေကြောင့် ကိုယ်က စိတ်ခံစားနေရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲ လုပ်ဖော်ကိုင်ဖက်နဲ့ အလုပ်လုပ်ရတာ ခက်ခဲပါစေ၊ သူတို့ရဲ့အပြုအမူတွေဟာ ကိုယ့်ခံစားချက်ကို မလွှမ်းမိုးစေဖို့ အရေးကြီးပါတယ်။ တခြားသူတွေရဲ့ အပြုအမူကိုဂရုမစိုက်ဘဲ ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းပါ။

၄။ အသုံးမကျတဲ့အတွေးအခေါ်တွေအတွက် အချိန်ကုန်မခံဘူး
ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်မှာ လုပ်ဖော်ကိုင်ဖက်က အသစ်ပြောင်းလဲမှုမရှိတဲ့အရာတွေနဲ့ ပတ်သက်ပြီး စကားတွေ ဖောင်ဖွဲ့ပြောရင်း ဝင်စွက်ဖက်တတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် အိမ်သန့်ရှင်းရေးလုပ်နေတာပဲဖြစ်ဖြစ် တစ်ခုခုကို အကြောင်းပြသင့်ပါတယ်။

စာဖတ်ပရိသတ်တွေလည်း အခုပြောခဲ့တဲ့ နည်းလမ်း (၄) သွယ်ကို အလုပ်ခွင်ထဲမှာ ကျင့်သုံးကြည့်လို့ရပါတယ်နော်…။

Ref: www.nbcnews.com ” 4 tactics mentally strong people use to handle toxic co-workers”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top