မန်စီးတီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အသင်းသားတွေရဲ့ စိတ်သဘောထားကို မန်ယူနည်းပြ ဆိုးလ်ရှား ဝေဖန်

yyl-018-2.jpg

မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ယူအသင်းသားတွေရဲ့ စိတ်သဘောထားကို နည်းပြ ဆိုးလ်ရှားက မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ယူဟာ ပထမပိုင်းပွဲချိန်(၁၇)မိနစ်ကနေ (၃၈)မိနစ်အတွင်း (၃)ဂိုးပေးခဲ့ရပြီး ပွဲချိန်(၇၀)ရောက်မှ ရက်ရှ်ဖို့ဒ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ မန်ယူအသင်းဂျာစီ ဝတ်ဆင်ခွင့်ရတာကို တန်ဖိုးထားဂုဏ်ယူကြဖို့ အသင်းသားတွေကို နည်းပြ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

“ပထမပိုင်းမှာ ပထမဂိုးပေးလိုက်ရပြီးနောက်ပိုင်း ကျွန်တော်တို့အသင်း ကစားပုံက မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂုဏ်သိက္ခာဆိုတဲ့ စကားကို ပြောခဲ့ရတယ်။ ကျွန်တော်တို့ ရှေ့ဆက်ဆောင်ရွက်ရမယ့် တာဝန်က ပိုခက်ခဲသွားပြီ။ (ဗိုလ်လုပွဲရောက်ဖို့)မတ်စောက်တဲ့တောင်ကို တက်ရမှာဖြစ်ပေမဲ့ ကျွန်တော်တို့ တတ်နိုင်စွမ်းတော့ ရှိနေဆဲပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူကွင်းလယ်လူဟောင်း ဒါရင်းဖလက်ချာကတော့ မန်ယူအသင်းရဲ့ ဗဟိုခံစစ်အတွဲအဖက်ဖြစ်တဲ့ ဖီးဂျုံးစ်နဲ့ လင်ဒီအော့ဖ်တို့အတွဲကို ဝေဖန်သွားခဲ့ပါတယ်။ “ ဗဟိုခံစစ်အတွဲမှာ တစ်ယောက်ကတော့ ရဲရင့်ဖို့လိုတယ်။ တစ်ယောက်ယောက်နဲ့ ပူးပေါင်းကစားဖို့ လိုတယ်။ သူတို့က ပြိုင်ဘက်ကစားသမား တစ်ယောက်တစ်လေကိုတောင် လူကပ်မထားနိုင်တော့ တစ်သင်းလုံး သေရောပေါ့ဗျာ’’လို့ ဖလက်ချာက ဆိုပါတယ်။

Nz (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top