အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မာနေး ဆွတ်ခူး

yyl-017-3.jpg

၂၀၁၉ ခုနှစ်အတွက် ပေးအပ်တဲ့ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး မာနေး ဆွတ်ခူးခဲ့ပါတယ်။ ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ လီဗာပူးအသင်းဖော် ဆာလာ(အီဂျစ်)၊ မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်(အယ်လ်ဂျီးရီးယား)တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။ အသက်(၂၇)နှစ်ရှိတဲ့ မာနေးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ဂိုး(၃၀)သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီမှာလည်း ပြိုင်ပွဲစုံသွင်းဂိုး(၁၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

“ဆုရလို့ အရမ်းပျော်တယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်။ ဘောလုံးက ကျွန်တော့်အလုပ်ပါပဲ။ ကျွန်တော့်အလုပ်ကို ကျွန်တော်ချစ်တယ်။ မိသားစု၊ လက်ရွေးစင်အသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ အဖွဲ့ချုပ်နဲ့ လီဗာပူးအသင်းကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်အတွက် ထူးခြားတဲ့နေ့တစ်နေ့ပါ’’လို့ မာနေးက ပြောပါတယ်။ အီဂျစ်နိုင်ငံ ဟာဂါဒါမြို့မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲ အခမ်းအနားကို ဆာလာနဲ့ မာရက်ဇ်တို့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဆာလာဟာ အာဖရိကအကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top