လူးဝစ်ဗန်ဟားက သူ့ရဲ့နည်းပြဘဝအတွက် အဓိကကျခဲ့တယ်လို့ ရိုင်ယန်ဂစ် ဆို

8-6-2020-yyl-015.jpg

သူ့ရဲ့နည်းပြဘဝအတွက် မန်ယူနည်းပြဟောင်း လူးဝစ်ဗန်ဟားက အရေးပါခဲ့တယ်လို့ ဝေးလ်နည်းပြ ရိုင်ယန်ဂစ်က ပြောပါတယ်။ မန်ယူဂန္ထဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်ဟာ ကစားသမားဘဝတစ်လျှောက်လုံး ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့လမ်းညွှန်မှုအောက်မှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၁၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တဲ့ ရိုင်ယန်ဂစ်ဟာ နည်းပြမိုရက်စ် ထုတ်ပယ်ခံရပြီးနောက် မန်ယူအသင်း ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သလို ဗန်ဟားရောက်လာချိန်မှာလည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ မန်ယူအသင်းမှာ အသုံးပြုခဲ့တဲ့ နည်းဗျူဟာနဲ့ စီမံခန့်ခွဲမှုပုံစံကြောင့် ဗန်ဟားက ဝေဖန်ခံခဲ့ရပြီး မန်ယူအသင်းကို ၂ နှစ်ပဲ ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဗန်ဟားဆီက ပိုပြီးသင်ယူဖြစ်ခဲ့တယ်လို့ ရိုင်ယန်ဂစ်က ဆိုပါတယ်။

” နိုင်ငံအသင်းမှာ နည်းပြ တော်တော်များများနဲ့ ဆုံဖူးပါတယ်။ ဒါပေမဲ့ အချိန်ခဏလောက်ပဲ ဆုံခွင့်ရတာပါ။ အဲဒါကြောင့် ကျွန်တော့်ရဲ့နည်းပြဘဝနဲ့ပတ်သက်လာရင် ဗန်ဟားကို ရည်ညွှန်းပြီး ပြောဖြစ်တာပါ။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော် ၂ နှစ်တောင် ကြာခဲ့တယ်။ အဲဒီအလုပ်က ကျွန်တော့်ရဲ့ပထမဆုံး နည်းပြအလုပ်ဖြစ်လို့ သူနဲ့စကားပြောရတာ အရမ်းသဘောကျတယ်။ ကစားသမားဘဝမှာပဲနေရင် ပွဲကြိုပြင်ဆင်မှုတွေကို သိမှာမဟုတ်ပါဘူး။ နည်းပြတွေက ဗီဒီယိုတွေကနေ ဘာတွေ တွေ့မြင်လဲဆိုတာ သိမှာမဟုတ်ပါဘူး။ ကစားသမားတွေက ပြိုင်ဘက်ကို ၇ မိနစ်၊ ၈ မိနစ်လောက်ပဲ ကြည့်ရတာပါ။ နည်းပြအဖွဲ့ဝင်တစ်ယောက်ကတော့ နာရီနဲ့ချီပြီး ကြည့်ရတယ်။ ဒါက လုံးဝကို ကွာခြားပါတယ်။ နည်းပြတစ်ယောက်လက်အောက်မှာ အချိန်အကြာကြီး ကစားလာခဲ့တယ်ဆိုရင်တောင် ဒါက တကယ့်ကို ကွာခြားလွန်းပါတယ်။ ဖာဂူဆန်လက်အောက်မှာ ကစားသမားစီမံခန့်ခွဲမှုနဲ့ တခြားအရာတွေကို ကျွန်တော် ရခဲ့တယ်။ ဗန်ဟားနဲ့အလုပ်တွဲလုပ်တော့ မတူညီတဲ့ပုံစံတွေကို တိုက်ရိုက်မြင်ရတယ်။ အဲဒါက တကယ့်ကို အတွေ့အကြုံကောင်းတစ်ခုပါပဲ”လို့ ရိုင်ယန်ဂစ်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top