မက်ဂရီဂေါ် အနားယူသွားတဲ့အပေါ် နာမာဂိုမီဒေါ့ဗ်ရဲ့ အမြင်

bb1.jpg

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ UFC ပြိုင်ပွဲရဲ့ ဝိတ်တန်း (၂) တန်း ချန်ပီယံဟောင်း မက်ဂရီဂေါ်က အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ အသက် (၃၀) ပဲ ရှိသေးတဲ့ မက်ဂရီဂေါ်ရဲ့ ကြေညာချက်ကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပြီး သူတို့အမြင်တွေကို ထုတ်ပြောခဲ့ပါတယ်။

မက်ဂရီဂေါ် အနားယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့နောက်ဆုံးပြိုင်ဘက် နာမာဂိုမီဒေါ့ဗ်ကတော့ အခုလို ပြောပါတယ်။ ”မနက်ဖြန်ကျရင် သိုင်းပေါင်းစုံလောကထဲ ပြန်လာပြီလို့ သူ ပြောပါလိမ့်မယ်။ မီဒီယာတွေအားလုံးကလည်း ဒီအကြောင်း ရေးကြမယ်။ မက်ဂရီဂေါ်က အဲဒီလို ဖြစ်စေချင်တာပါ။ သူက UFC နဲ့ သဘောတူညီမှုမရသေးဘူး။ အဲဒီတော့ အခုလို လှည့်ကွက်မျိုး သုံးရတာပါ။ ကွန်နာ(မက်ဂရီဂေါ်)က သဝန်တိုတတ်တဲ့ ဇနီးသည်တစ်ယောက်လိုပါပဲ။ တစ်ချိန်လုံး အိမ်ကထွက်သွားမယ်ချည်းပဲ ပြောနေပေမဲ့ နောက်ကျတော့ အိမ်ကိုပဲ ပြန်ပြန်လာတတ်တဲ့ ဇနီးသည်လိုပေါ့”လို့ နာမာဂိုမီဒေါ့ဗ်က ပြောပါတယ်။

မက်ဂရီဂေါ်ဟာ လွန်ခဲ့တဲ့ (၃) နှစ်ကလည်း အနားယူပြီလို့ ကြေညာခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ နိတ်ဒိုင်ယက်ဇ်နဲ့ စိတ်မကျေပွဲ ပြန်လည်ထိုးသတ်ခဲ့ဖူးပါတယ်။ နာမာဂိုမီဒေါ့ဗ်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက UFC 229 ပြိုင်ပွဲမှာ မက်ဂရီဂေါ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး (၆) လ ပွဲပယ်ခံရလို့ ပွဲထိုးသတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top