ဒီဂျစ်တယ်ငွေပေးချေမှု ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာဖို့အတွက် Visa နှင့် စိုင်းစိုင်းခမ်းလှိုင်တို့ အတူတကွ ပူးပေါင်း

unnamed-1.jpg

ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်း နယ်ပယ်မှာ ဦးဆောင်နေတဲ့ Visa ဟာ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်ငွေပေးချေမှု ပိုမိုများပြားလာစေရန်ရည်ရွယ်ပြီး နိုင်ငံကျော်အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင်ကို ဈေးကွက်လှုပ်ရှားမှုကမ်ပိန်းမှာ Visa ရဲ့ကိုယ်စားပြု Brand Ambassador အဖြစ် ခန့်အပ်လိုက်ပါတယ်။မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်စီပွားရေးကဏ္ဍဟာ တိုးတက်လာနဲ့အမျှ ငွေသားကိုင်တွယ်သုံးစွဲမှုကလည်း လျော့ကျလာခဲ့ပါတယ်။ အခုလို စိုင်းစိုင်းခမ်းလှိုင်ကို Brand Ambassador ခန့်အပ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ရဲ့ အကျိုးကျေးဇူးတွေကို မြန်မာနိုင်ငံက ပြည်သူလူထုအကြား ပိုမိုပျံ့နှံ့သိရှိစေမှာဖြစ်ပါတယ်။

အဲဒီလိုပူးပေါင်းဆောင်ရွက်မှုနဲ့အတူ လေးလတာ ကြာမြင့်မယ့် အထူးကမ်ပိန်းအစီအစဉ်တစ်ခုကို Visa မှ မိတ်ဆက်လိုက်ပါတယ်။ အဲဒီအစီအစဉ်မှာ မြန်မာနိုင်ငံက Visa ကတ်ကိုင်ဆောင်သုံးစွဲသူတွေက ကမ်ပိန်းမှာ ပါဝင်တဲ့ နိုင်ငံတစ်ဝန်းက ဈေးဆိုင်တွေမှာ ဈေးဝယ်ယူရင်း လစဉ်ဆုမဲပေါင်းများစွာနဲ့အတူ မြန်မာကျပ်ငွေ သိန်းခုနှစ်ရာတန်ဖိုးရှိတဲ့ အထူးဆုကြီးဆွတ်ခူးနိုင်မယ့် အခွင့်အရေးများရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Visa က Contactless ကတ် ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာကြရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံထုတ် Visa Contactless ကတ်အသုံးပြု ငွေပေးချေသူများအနေနဲ့ လစဉ်ဆုမဲပေါင်းများစွာနှင့်အတူ အထူးဆုကြီးကို ဆွတ်ခူးရရှိနိုင်မယ့် Visa Contactless ကမ်ပိန်းအထူးအစီအစဉ်တစ်ရပ်ကို မတ်လ (၁၂) ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။

အခုကမ်ပိန်းမှာ စုစုပေါင်း ကံထူးရှင် (၁၀) ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ကံထူးရှင်များအနေနဲ့ City Mart စူပါမားကတ်များမှာ ကျင်းပပြုလုပ်သွားမယ့် ‘Shopping Challenge’ ပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။

ကတ်ကိုင်ဆောင်သူတိုင်းဟာ အထူးဆုကြီးဖြစ်တဲ့ Suzuki Swift ကားကြီးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ကို ရရှိမှာဖြစ်ပြီး ကံထူးရှင်ကို ကမ်ပိန်း အပြီးမှာ ရွေးချယ်ကြေညာသွားမှာဖြစ်ပါတယ်။ ကမ်ပိန်းအစီအစဉ်က ၂၀၁၉ ခုနှစ် မတ်လ (၁၂) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရှိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top