သင့်အကောင့်အတွက် လုံခြုံရေး အားနည်းချက် တွေရှိနေသော TikTok

yyl-036-5.jpg

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် TikTok အသုံးပြုသူ စုစုပေါင်း ၁ ဘီလီယံ ကျော်ရှိပြီး သုံးစွဲသူများ၏ အကောင့် security ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ချိုးဖောက်ခံရခြင်းများ ပြီးခဲ့သော လပိုင်းကဖြစ်ပေါ်ခဲ့သည်။ Security အားနည်းချက်များကို အချိန်မှီ ဖြေရှင်းပေး နိုင်ခဲ့သော်လည်း ယင်းကဲ့သို့ အားနည်းချက်များရှိနေခြင်းသည် ဟက်ကာများအတွက် သုံးစွဲသူများ၏ accountမှ ကိုယ်ရေးကိုယ်တာ အချက်များကို ခြိမ်းခြောက် အန္တရာယ်ပြုခြင်းများ ဖြစ်နိုင်ခြေများ ရှိနေသေးသည် ဟုဆိုသည်။

Check Point စမ်းသပ်စစ်ဆေးချက်များအရ ဟက်ကာများသည် အသုံးပြုသူများကို ကြိုတင်ရည်ရွယ်ပြုလုပ်ထားသော links များပို့ကာ ထို links များကို နှိပ်ဖွင့်လိုက်ပါက ဟက်ကာများအတွက် မိမိတို့ အကောင့်များအား ဝင်ရောက်သုံးစွဲနိုင်ရန် ခွင့်ပြုလိုက်သည့် အနေအထားမျိူးမှ ခြိမ်းခြောက် အန္တရာယ်ပြုနိုင်သည်ဟု သတိပေးထားသည်။ ဟက်ကာများ ထိုသို့ လုပ်ပိုင်ခွင့် ရရှိသွားခြင်းကြောင့် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များရရှိကာ လွှဲမှားသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ခြင်း၊ ခွင့်ပြုချက်မရှိသော ဗီဒီယိုဖိုင်များတင်ခြင်း၊ ညစ်ညမ်းစာများ ဗီဒီယိုဖိုင်များ ပုံများတင်ခြင်း၊ ဂုဏ်သိက္ခာ ငြိုးနွမ်းစေသော လုပ်ရပ်များ အစရှိသည်တို့ကို မိမိခွင့်ပြုချက်မပါဘဲ လုပ်ဆောင်ကာ ငွေကြေးတောင်းခံ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ရန် ရည်ရွယ်သည်။

Security ပိုင်းဆိုင်ရာ အားနည်းချက် စိစစ်ရေး အဖွဲ့ မှ ခေါင်းဆောင်ဖြစ်သူ Oded Vanunu က “အသုံးပြုသူတွေက ခေတ်စားနေတဲ့ application တွေရဲ့ ကိုယ်ရေးကိုယ်တာချိုးဖောက်ခြင်းရဲ့ အန္တရာယ်ကို ကောင်းကောင်း နားမလည်ကြဘူး။ လူမှုကွန်ရက် application တွေက အတွင်းရေး အချက်အလက်တွေအများဆုံးရှိနေခြင်းကြောင့် ဟက်ကာများအနေဖြင့် အားနည်းချက်များ ပိုရှာပြီး ပစ်မှတ်ထားကြတယ်။ တစ်ဖက်မှာလဲ သုံးစွဲသူတွေက account ကိုသေချာ ကာကွယ်ဖို့ အားနည်းကြတယ်။” ဟုဆိုသည်။

TikTok သည် တရုတ်ပြည်ရှိ Bytedance ဟုခေါ်သည့် ကုမ္ပဏီမှ ရေးသား ထုတ်လုပ်ခဲ့ပြီး သုံးစွဲသူများ ပျော်ရွှင်စရာ ဗီဒီယိုအတိုလေးများ ဖန်တီးနိုင်စေပြီး အခြား social media applications များပေါ်တွင် ဝေမျှနိုင်စေရန် ရည်ရွယ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top