အဆစ်ရောင်နာကျင်ခြင်းကို ပြေပျောက်စေနိုင်တဲ့ ရေထဲမှာပြုလုပ်ရတဲ့ လေ့ကျင့်ခန်းများ

image1.jpg

အဆစ်ရောင်နာကျင်တာက အဆစ်အမြစ်တွေကနာကျင်နီမြန်းလာပြီး လှုပ်လှုပ်ရှားရှားလုပ်ရတာတွေ ခက်ခဲလာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ရေကူးတာနဲ့ ရေထဲမှာလုပ်ရတဲ့အခြားပုံစံတူလေ့ကျင့်ခန်းတွေက အဆစ်ရောင်နာကျင်တာတွေကိုပြေလျော့ပေးတဲ့နေရာမှာ တော်တော်လေးကို အကျိုးကျေးဇူးရှိတယ်လို့ ပြောကြပါတယ်။

သင်ရေကူးတဲ့အခါ သင့်ကိုယ်အလေးချိန် (၉၀) ရာခိုင်နှုန်းနီးပါးက ရေကပဲ ထောက်ပံ့ပေးထားပါတယ်။ ရေက ထောက်ပံ့ပေးလိုက်တာက အဆစ်အမြစ်နာကျင်တာကြောင့် လှုပ်ရှားရခက်တာကို ကျော်လွှားပစ်နိုင်ဖု့ိ ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ရေကူးတာက ကြွက်သားတွေကို ကြံခိုင်သန်းစွမ်းလာအောင် ကူညီပေးနိုင်တာကြောင့် အချိန်အကြာကြီးခြေထောက်ထိခိုက်မှုဖြစ်ထားတဲ့သူတွေအတွက် အတော်လေး အလုပ်ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်အဆစ်အမြစ်နာကျင်ခြင်းမဖြစ်အောင်လည်း ထိန်းပေးနိုင်ပါတယ်။

အဆစ်ရောင်နာကျင်ခြင်းအတွက် ရေထဲမှာ လုပ်ရတဲ့လေ့ကျင့်ခန်းများ

အဆစ်ရောင်ရောဂါခံစားနေရတဲ့သူတွေကို ကူညီပေးနိုင်တဲ့ ရေကူးတာအပြင် ရေထဲမှာ လုပ်ရတဲ့အခြားလေ့ကျင့်ခန်းတွေရှိပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေကတော့

Aqua jogging – ရေထဲမှာ ပြေးတာကို Aqua Jogging လို့ ခေါ်ပါတယ်။ ဒါက လမ်းလျှောက်တာနဲ့ယှဉ်ရင် (၅၀) ရာခိုင်နှုန်းနီးပါးလောက် အဆစ်အမြစ်နာကျင်တာတွေကို လျော့ချပေးပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်ရတာက တကယ်ကို ကောင်းပြီး သက်တောင့်သက်တောင့်ဖြစ်ပါတယ်။ အဆစ်အမြစ်တွေကို မခံမရပ်နိုင်အောင် နာကျင်လာနိုင်တဲ့အတွက် ဒီလေ့ကျင့်ခန်းကို အလွန်အကျွံမလုပ်ဖို့တော့ သတိထားသင့်ပါတယ်။

Aqua Aerobics – ရေထဲမှာ အေရိုးဗစ်ကစားတာကို Aqua Areobics လို့ခေါ်ပါတယ်။ ရေထဲမှာ အေရိုးဗစ်မကစားခင်မှာ အနည်းဆုံး (၁၀-၁၅) မိနစ်လောက် သွေးပူလေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

အဆစ်အမြစ်နာကျင်တာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

သင်က လေ့ကျင့်ခန်းမလုပ်ဖြစ်တာကြာပြီးဆိုရင် အကြောလျော့တာကို ဖြည်းဖြည်းသာသာလေးလုပ်ပေးပါ။ အရမ်းကြီး work out လုပ်မယ်ဆိုရင် ကြွက်သားနာကျင်တာတွေ ပိုဆိုးရွားလာနိုင်ပါတယ်။

ရေနွေးအိတ်ကပ်ပေးပါ

အပူက ကြွက်သား၊ အဆစ်အမြစ်နဲ့ အခြားနာကျင်တာတွေကို ပြေလျော့အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ရေနွေးပူပေးထားတဲ့တဘက်၊ ရေနွေးအိတ်တို့နဲ့ အဆစ်အမြစ်နေရာတွေကို အသုံးပြုပေးပါ။ (ဒါမှမဟုတ်) ရေနွေးနွေးလေးနဲ့ ရေချိုးပေးလို့ရပါတယ်။

ညင်ညင်သာသာလေး လှုပ်ရှားပေးပါ

ရေထဲဆင်းတဲ့အခါ သွေးပူလာအောင် အရင်ဆုံး အဆစ်အမြစ်တွေကို ညင်ညင်သာသာလေး လှုပ်ရှားပေးပါ။ အားထည့်ပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းမလုပ်ခင်မှာ (၁၀) မိနစ်လောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေး ပြုလုပ်ပေးလို့ရပါတယ်။

ဒီအချက်တွေ ပြုလုပ်ပေးမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာကနေ ရလာတဲ့ အဆစ်အမြစ်နာကျင်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါနော်..။

Ref: TOI “Here is how swimming can relieve arthritis pain”

WL (ရိုးရာလေး)

www.yoyarlay.com

#WL_yyl #Knowledge_yyl #Health_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top