ဘီယာသောက်သူတွေက မသောက်သူတွေထက် ကျန်းမာရေးပိုကောင်းနိုင်

beer0-e1552373189972.jpg

ဘီယာကဝိုင်လိုပဲ ကျန်းမာရေးအတွက် အကျိုးရှိတဲ့အရည်တစ်မျိုးတယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုက ဆိုထားပါတယ်။ အန်တီအောက်ဆီဒန့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ဘီယာဟာ သွေးခဲခြင်းနဲ့ သွေးကြောကျဉ်းခြင်းတို့ကိုပါ ချေဖျက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

သုတေသနပေါင်း (၁၉,၀၀၀) လောက်လုပ်ပြီးတဲ့အခါမှာတော့ အရက်လေးတမြမြနဲ့နေတတ်သူတွေက အရက်လုံးဝရှောင်သူတွေထက် ကျန်းမာရေးပိုကောင်းကြောင်းတွေ့ရှိခဲ့ကြပြန်ပါတယ်။

အရက်မသောက်တတ်သူ (၁၀) ယောက်မှာ (၄) ယောက်လောက်ရဲ့ ကျန်းမာရေးအခြေအနေက တော်ရုံသင့်ရုံလောက်ရှိတဲ့သူနဲ့ အခြေအနေဆိုးတဲ့သူရယ်လို့ပဲ ရှိကြပါတယ်။ ဝိုင်နဲ့ အရက်သေစာသောက်စားတတ်သူ (၄) ယောက်မှာ (၁) ယောက်လောက်ဟာ မသောက်တတ်သူတွေထက် အနာဖျားဖျားကင်းကင်းနဲ့ ကျန်းမာရေးကောင်းနေကြတယ်လို့ ဆိုပါတယ်။

Epidemiology and Community Health ဆိုတဲ့ဂျာနယ်မှာဖော်ပြထားတဲ့ သုတေသနပြုချက်တစ်ခုမှာဆိုရင်လည်း ဘီယာသောက်တတ်သူတွေနဲ့ ဘီယာရှောင်တတ်သူတို့ရဲ့ကျန်းမာရေးအခြေအနေက သိသိသာသာကွဲပြားနေတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ တစ်နေ့ကို ဘီယာလေးတစ်ခွက်၊ နှစ်ခွက်လောက်သောက်တာလောက်ကတော့ ကျန်းမာရေးအတွက် ဘာမှဖြစ်မသွားပါဘူး။

သုတေသနပညာရှင်တွေကတော့ ဘီတာမင် B6 ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဘီယာဟာ နှလုံးရောဂါကိုအားကောင်းစေတဲ့ ဟိုမုန်းစစ်စတင်း (Homocysteine) ဆိုတဲ့ဓာတုဓာတ်တစ်မျိုးကိုပါ လျော့ကျစေနိုင်တယ်လို့လို့ ယုံကြည်နေကြပါတယ်။ နောက်ထပ်ဘီယာဟာ နှာစေး၊ နှာရည်ယိုခြင်းနဲ့ ယားယံခြင်းတို့ကြောင့် မျက်ရည်ယိုခြင်းတွေကိုပါ တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေအနေနဲ့ တစ်ပတ်ကို ဘီယာ (၂၁) ယူနစ်ပမာဏသောက်သုံးပေးသင့်ပြီး အမျိုးသားတွေအနေနဲ့ကတော့ (၂၈) ယူနစ်လောက်သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးထိန်းညှိပေးနိုင်တယ်ဆိုပြီး ကျန်းမာရေးဌာနတွေက တရားဝင်ဖော်ပြထားပါတယ်။

Ref : daily.co.uk “Why beer is just as healthy as wine”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top