သုံးလ ကြာနားရမယ့် မန်ယူနောက်ခံလူ ဘိုင်လီ

skysports-bailly-mourinho-manchester-united_4121232.jpg

မန်ယူအသင်း ဗဟိုနောက်ခံလူ အီရစ်ဘိုင်လီဟာ ဒဏ်ရာကြောင့် ၃ လအနားယူရမယ်လို့ သိရပါတယ်။

နောက်ခံလူ ဘိုင်လီဟာ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်တာကြောင့် သုံးလ ကြာအနားယူရမှာဖြစ်တယ်လို့ ဗြိတိန်သတင်းစာတွေကဖော်ပြပါတယ်။ မန်ယူနည်းပြမော်ရင်ဟိုက ဘိုင်လီဟာ သူရဲ့ဒဏ်ရာကို ခွဲစိတ်ကုသဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဘိုင်လီ ဟာ ဒဏ်ရာကြောင့် ရာသီကုန်ထိနားရမှာ မဟုတ်ပေမဲ့ အနည်းဆုံး ၂ လ နဲ့ ၃ လကြားအနားယူရဖွယ်ရှိနေတယ်လို့ မန်ယူနည်းပြကပြောပါတယ်။

ဘိုင်လီဟာ အိုင်ဗရီကိုစ့်လက်ရွေးစင်နဲ့အတူ နိုင်ငံပွဲကစားချိန်က ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ဘိုင်လီ နေရာမှာအစားထိုးရွေးချယ်ဖို့ ကစးသမားရှိနေတာကို ကျေနပ်တယ်လို့ မန်ယူနည်းပြကပြောပါတယ်။ မန်ယူနည်းပြက ဘိုင်လီနေရာကိုအစားထိုးနိုင်ဖို့ ဖီးဂျုံးစ်၊ စမောလင်းနဲ့ လင်ဒီလော့ဖ်တို့ အပြင် ရိုဂျိုတို့လည်း ရှိနေတယ်လို့ ပြောပါတယ်။ နည်းပြမော်ရင်ဟိုက ရာသီတစ်ခုလုံးမှာ ဗဟိုနောက်ခံလူ နေရာက ပြဿနာတွေ ရှိခဲ့ပေမဲ့ နောက်တန်းမှာ ကစားနိုင်တဲ့ ကစားသမား ၄၊ ၅ယောက်လောက် အမြဲရှိနေတာကြောင့် ကစားသမား ဒဏ်ရာရသွားလို့ ဒုက္ခမရောက်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Skysports : Eric Bailly to have ankle surgery

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top