Viber app အသုံးပြုသူများလွယ်ကူစေရန် Rakuten Viber က My Notes လုပ်ဆောင်ချက်သစ်ကို မိတ်ဆက်

Viber_My-Notes.jpg

ကမ္ဘာ့ထိပ်တန်း messaging apps များထဲမှတစ်ခုဖြစ်သည့် Rakuten Viber မှ ၎င်း၏ လုပ်ဆောင်ချက်အသစ်ဖြစ်သည့် My Notes အား မိတ်ဆက်ခဲ့သည်။ Viber App အသုံးပြုသူများမှာ အဆိုပါလုပ်ဆောင်ချက်ဖြင့် ကိစ္စကြီးငယ်မရွေး စီမံခန့်ခွဲ၍ နေ့စဉ် လုပ်ငန်းဆောင်တာများအား လွယ်ကူရိုးရှင်းစွာ မှတ်သားဆောင်ရွက်ကာ ပုဂ္ဂိုလ်ရေး ကိစ္စရပ်များအား တိတိကျကျ လုပ်ဆောင်နိုင်လာမည် ဖြစ်သည်။

အသုံးပြုသူများ၏ နေ့စဉ်ဘဝတွင် မက်ဆေ့ချ်များလက်ခံခြင်း၊ ဖုန်းခေါ်ဆိုခြင်းများနှင့် ဗွီဒီယိုကြည့်ရှုခြင်းများ စသည့်တို့အား တစ်ချိန်တည်းတပြိုင်နက် လုပ်ဆောင်ခြင်း (Multitasking) အား အဆက်မပြတ် လုပ်ဆောင်နေကြရသည်။ ထိုကဲ့သို့ လုပ်ဆောင်နေရခြင်းကြောင့် Viber App အသုံးပြုသူများအနေဖြင့် ထိုလုပ်ဆောင်ချက်အားလုံးအား ပြန်လည်ခြေရာခံကြည့်ရာတွင် အခက်အခဲ ရှိကြသည်။

Viber App အတွင်း နေ့စဉ် စာပို့ခြင်း (Messaging) နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက်များအား လုပ်ဆောင်ရန်အတွက် ရည်ရွယ်၍ ဖန်တီးထားသည့် My Notes ၏ လုပ်ဆောင်ချက် အသစ်များမှာ

  1. လုပ်ဆောင်ရန်စာရင်းပြုလုပ်ဖန်တီးခြင်းနှင့် ပြီးမြောက်သောအခါတွင် ပြန်လည်စစ်ဆေးနိုင်ခြင်း
  2. အနှစ်သက်ဆုံးသော မက်ဆေ့ချ်များ၊ ဗွီဒီယိုများ၊ ဓာတ်ပုံများနှင့် စတေကာများကို တစ်နေရာတည်းတွင် သိမ်းဆည်းထားနိုင်ခြင်း
  3. မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် အစရှိသည့် မည်သည့် ပစ္စည်းကိရိယာနှင့်မဆို တွဲဖက်လုပ်ဆောင်နိုင်ခြင်း
  4. အရေးအကြီးဆုံးသော မှတ်စုများအတွက် သတိပေးချက်ရရှိရန် ပြုလုပ်နိုင်ခြင်း (မကြာမီတွင် လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်) စသည်တို့ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top