အာဆင်နယ်ဂန္တဝင် အွန်နရီရဲ့စံချိန်ကို အဂူရို အမီလိုက်ခဲ့

59643236_2355078354523071_2149979517920215040_n.jpg

မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ ဂိုးသွင်းစံချိန်တစ်ခုကို အမီလိုက်နိုင်ခဲ့ပါတယ်။ ဘန်လေကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အဂူရိုက မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးက ဒီရာသီမှာ သူ့ရဲ့ ပရီးမီးယားလိဂ်ဂိုး (၂၀) မြောက်ပါ။ ဒါကြောင့် အဂူရိုဟာ (၅) ရာသီဆက်တိုက် ပရီးမီးယားလိဂ် ဂိုး (၂၀) နဲ့အထက် သွင်းနိုင်ခဲ့ပြီး အွန်နရီရဲ့ စံချိန်နဲ့ တူညီခဲ့တာပါ။

မန်စီးတီးမှာ (၈) နှစ်ကြာ ကစားခဲ့တဲ့ အဂူရိုဟာ တစ်ရာသီအတွင်း ဂိုး (၂၀) နဲ့အထက် သွင်းယူနိုင်တဲ့ရာသီ (၆) ရာသီ ရှိခဲ့ပါတယ်။ အက်သလက်တီကိုကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ ၂၀၁၁-၂၀၁၂ ရာသီမှာ (၂၃) ဂိုး သွင်းယူခဲ့ပြီး နောက် (၂) ရာသီမှာတော့ ပရီးမီးယားလိဂ် ဂိုး (၂၀) ပြည့်အောင် မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၄-၂၀၁၅ ရာသီကစပြီး (၅) ရာသီဆက်တိုက် ပရီးမီးယားလိဂ် ဂိုး (၂၀) နဲ့အထက် သွင်းနိုင်ခဲ့တာပါ။ ၂၀၁၄-၂၀၁၅ ရာသီကတော့ အဂူရိုအတွက် အကောင်းဆုံးရာသီဖြစ်ပြီး (၂၆) ဂိုးသွင်းနိုင်ခဲ့လို့ ဂိုးသွင်းဘုရင်ဆုရခဲ့ပါတယ်။ နောက်ထပ် (၃) ရာသီမှာတော့ (၂၄) ဂိုး၊ ဂိုး (၂၀)နဲ့ (၂၁) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ လက်ကျန်ပွဲစဉ် (၂) ပွဲ ကစားဖို့ ကျန်နေချိန်မှာ ဂိုး (၂)၀ သွင်းယူထားပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ အဂူရိုဟာ မန်စီးတီးအတွက် စုစုပေါင်းသွင်းဂိုး (၂၂၉) ဂိုး ရှိလာခဲ့ပြီး ကလပ်အသင်းတစ်သင်းအတွက် ဂိုးအများဆုံးသွင်းယူသူစာရင်းမှာ အွန်နရီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top