၂၀၁၄ ခုနှစ်ကတည်းက လက်တွဲလာတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ ရောဘတ်ပတ်တင်ဆန်

ro.jpg

Twilight မင်းသား ရောဘတ်ပတ်တင်ဆန် နဲ့ သူ့ရဲ့ ချစ်သူ အဆိုတော် FKA Twigs တို့နှစ်ဦး ချစ်သူဖြစ်နေခဲ့ကြတာ ၂၀၁၄ စက်တင်ဘာလ ကတည်းကပါ။

သူတို့ ချစ်သူသက်တမ်း ခုနှစ်လခန့် အကြာမှာတော့ စေ့စပ်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ တရားဝင်ပြောကြားခဲ့ခြင်း မရှိသေးပေမယ့် တို့နှစ်ဦးဟာ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ရောဘတ်ပတ်တင်ဆန်နဲ့ FKA Twigs တို့နှစ်ဦးအနေနဲ့ ၂၀၁၇ မေလ ကတည်းက စုံတွဲ ဓာတ်ပုံမရိုက်ဖြစ်တော့တာလို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဆီက ပြောကြားချက်တွေ အရတော့ ရောဘတ် အနေနဲ့ ဒီ ဆက်ဆံရေးကို ပင်ပန်းနေပြီလို့ ပြောခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းတွေကို သူတို့လမ်းခွဲလိုက်ပြီး ဆိုတဲ့အကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အခု အနေအထားက ခက်ခဲတဲ့ အခြေအနေဆိုပေမယ့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးမှာ အဆင်မပြေတာတွေ အများအပြား ရှိလာခဲ့ကာ ချစ်သူတွေအဖြစ် ဆက်ပြီး နေကြဖို့ မဖြစ်နိုင်တော့တာ လို့ သိရပါတယ်။

သူမရဲ့ရှေ့မှာတော့ ရောဘတ်က Twilight ရုပ်ရှင်တွေမှာ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ စရစ်စတင် စတီးဝပ်နဲ့ လေးနှစ်ကြာလက်တွဲခဲ့ပြီး လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Zym (ရိုးရာလေး)
Ref: Daily Mail Celebrity: Robert Pattinson ‘SPLITS from FKA twigs

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top