အသက်ငယ်ငယ်လေးနဲ့ ကြွေလွှင့်သွားခဲ့ရတဲ့ တက်သစ်စမင်းသား

yyl-043.jpg

အခုနှစ် ၂၀၁၉ခုနှစ်က ပရိသတ်တွေကို စွန့်ခွာသွားတဲ့ကိုရီးယားရှင်တွေများတဲ့နှစ်လို့ ပြောရမလို့ဖြစ်နေပါပြီ။ အခုလည်း ကိုရီးယားအနုပညာနယ်ပယ်က အသက် (၂၇) နှစ်အရွယ် တက်သစ်စမင်းသား ချာအင်ဟာ (Cha Inha) သေဆုံးသွားတဲ့ သတင်းထွက်ရှိလာခဲ့ပါတယ်။ ဒီသတင်းက ဒီနေ့နေ့လည်ကမှ ထွက်ရှိလာခဲ့တာပါ။

မင်းသား ချာအင်ဟာကို သူ့ရဲ့နေအိမ်မှာ သေဆုံးနေတာတွေ့ခဲ့ရတာဖြစ်ပြီး ဘာကြောင့်သေဆုံးခဲ့လဲဆိုတာကတော့ မသိရှိရသေးဘူးဖြစ်ပါတယ်။ ရဲတွေကတော့ သူ့ရဲ့နေအိမ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ စာတော့မတွေ့ရဘူးလို့ ဆိုပါတယ်။ ရဲဌာနက ချာအင်ဟာ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ရင်ခွဲစစ်ဆေးဖို့ကတော့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပါတယ်။ ချာအင်ဟာရဲ့အေဂျင်စီ Fantagioက သူ့သေဆုံးမှုနဲ့ပတ်သက်ပြီး အခုလိုထုတ်ပြန်လာခဲ့ပါတယ်။

“ဟယ်လို..Fantagio ကပါ။ ကျွန်တော်တို့ ဒီလိုစိတ်မကောင်းစရာသတင်းကို ထုတ်ပြောရတာ စိတ်ထိခိုက်ရပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ မင်းသားချာဟာအင်က ကျွန်တော်တို့ဘေးကနေ ထွက်သွားခဲ့ပါပြီ။ ယနေ့ထိ ချာအင်ဟာကို အားပေးချစ်ခင်ပေးကြတဲ့လူတိုင်းကို ဝမ်းနည်းစရာသတင်းတွေ ထုတ်ပြောရတာ တကယ်ကို ရင်နာရပါတယ်။ ဒီသတင်းက ယုံကြည်ဖို့ခက်နေတုန်းပါပဲ။ ဝမ်းနည်းပူဆွေးနေရတဲ့ သူ့မိသားစုကို ငဲ့ညာတဲ့အနေနဲ့ ကောလဟာလသတင်းတွေမဖြန့်ကြဖို့ အနူးအညွှတ်တောင်းဆိုပါတယ်။ ချာအင်ဟာကို ငြိမ်းချမ်းစွာအနားယူနိုင်အောင် ပို့ဆောင်ပေးကြပါ။

သူ့မိသားစုရဲ့ဆန္ဒအရ နာရေးကို သီးသန့်ကျင်းပသွားမှာဖြစ်ပါတယ်။ သူ့သေဆုံးသွားတဲ့အတွက် ကျွန်တော်တို့ ဝမ်းနည်းပူဆွေးနေကြရပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။ မင်းသားချာအင်ဟာက Fantagio Entertainment ရဲ့SURPRISE U အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကမှ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ သူပါဝင်သရုပ်ဆောင်ထားတဲ့ “Love with Flaws” ဇာတ်လမ်းတွဲက ထုတ်လွှင့်ပြသလျက်ရှိပါတယ်။

Ref: Police Revealed More on Cha Inha’s Passing: “No Suicide Note has Been Found”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top