လုပ်သက်ရင့်ကျောင်းကားမောင်းသမားကြီးရဲ့ဈာပနအတွက် ထူးခြားတဲ့စီစဉ်မှု

davidwright03.jpg

ဒေးဗစ် ရိုက် (David Wright) ဆိုသူ အမျိုးသားဟာ နှစ်ပေါင်း (၅၀) နီးပါးလောက် Wilson Contry Schools မှာ ကျောင်းကားမောင်းရင်း သူ့ဘဝကို မြှပ်နှံထားခဲ့တာပါ။ လက်ဘနွန်နိုင်ငံ (Lebanon) က လူတိုင်းနီးပါးက သူ့ဆိုသိကြပါတယ်။ သူဟာ လူချစ်လူခင်ပေါတဲ့အပြင် သူ့ကို “Lebanon Legend” လို့တောင် နာမည်ပြောင်ပေးထားပါတယ်။

သြဂုတ်လ (၁၃) ရက်နေ့မှာ ဒေးဗစ်က သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ သူ့အသက် (၇၆) နှစ်ရှိပါပြီ။ သူသေဆုံးတဲ့သတင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပါတာပါ။ Wilson Country Schools မှာ နှစ်ပေါင်းများစွာ ကျောင်းကားမောင်းသမားအဖြစ်လုပ်ကိုင်လာတာကြောင့် ဒေးဗစ်ရဲ့သား ကယ်ဗင် နဲ့ သူ့ရဲ့မြေးတွေက အဝါရောင်ကျောင်းကားပုံစံအခေါင်းနဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒေးဗစ် ချစ်မြတ်နိုးတာသူ့မြေးလေးတွေအပြင် အဲဒီကျောင်းကားကောပါပဲ။ သူဟာ ကိုယ်ကျိုးမငဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး သူ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာတွေအတွက် ကျောင်းကို ဘာမှ ပြန်တောင်းဆိုတာမရှိခဲ့ဘူးလို့ သိရပါတယ်။ သူက ၂၀၁၇ခုနှစ်မှာ Tennessee School Bus Driver Hall of Fame နဲ့ State Bus Driver of the Year ဆုတွေရရှိခဲ့ဖူးပါတယ်။ သူ မသေဆုံးခင်ကလည်း ကျောင်းရဲ့ကုန်လမ်းပို့ဆောင်ရေးဌာနကို သူ့နာမည်တူပေးခဲ့ပါသေးတယ်။

ဒေးဗစ်ကို အဝါရောင်ကျောင်းကားပုံစံအခေါင်းနဲ့ သဂြိုလ်ပေးခဲ့ပြီး နာရေးကိုတော့ Lebanon High School မှာပြုလုပ်ခဲ့ပါတယ်။

Ref: CNN “A longtime school bus driver was laid to rest in a special casket: a school bus”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top