အပင်တွေက ပန်းပွင့်တွေကို ဘာလို့ ပိုင်ဆိုင်ထားတာလဲ

flower01.jpg

” အပင်တွေက ပန်းပွင့်တွေကို ဘာလို့ ပိုင်ဆိုင်ထားတာလဲ” ရဲ့အဖြေက ရှေးဟောင်းဘာသာရေးဒဏ္ဍာရီထဲမှာတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ဘုရားသခင်က သားရဲတိရိစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာကြီးကို အုပ်စိုးကြီးကြပ်ဖို့အတွက် သူ့ပုံစံအတိုင်းလူသားတွေကို ဖန်ဆင်းတယ်။ အဲဒီနောက်မှာ အဲ့ဒီလူသားတွေကို စိတ်ချမ်းမြေ့စေဖို့အတွက် ပန်းတွေကိုဖန်ဆင်းပေးလိုက်တယ်။ အမျိုးသမီးတွေအတွက် ပိုပြီးရည်ရွယ်ထားပါတယ်။ အဲဒီလောက်ပါပဲ။ တကယ်တော့ အဖြေအမှန်ရှိပါတယ်။

ပန်းတွေတည်ရှိနေရတဲ့ အကြောင်းအရင်းများစွာထဲက တစ်ခုကတော့ အင်းဆက်ပိုးမွှားတွေနဲ့ သတ္တဝါတွေရဲ့အနာဂတ်အတွက်ကြောင့်ဖြစ်ပါတယ်။ သက်ရှိတိုင်းက မျိုးပွားခြင်းသဘာဝရှိပြီး မျိုးစိတ်တည်တံ့အောင်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် သူတို့က မဖြစ်မနေမျိုးပွားရပါတယ်။ ဒီထဲမှာမှ တချို့အပင်တွေနဲ့ သတ္တဝါတွေက လိင်မဲ့ (Asexual) နည်းနဲ့ မျိုးပွားကြသလို တချို့ကတော့ လိင်နဲ့မျိုးပွားပါတယ်။

ပန်းပွင့်နေတဲ့ အပင်တွေက မျိုးပွားဖို့အတွက် သူတို့ရဲ့ဆန့်ကျင်ဘက်လိင်ကို လိုက်လံရှာဖွေဖို့မဖြစ်နိုင်တာကြောင့် အင်းဆက်ပိုးမွှားတွေပေါ်မှာ အဓိကမူတည်နေပါတယ်။ သူတို့က အကွာအဝေးတစ်ခုကနေပြီးတော့ မျိုးပွားခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါတယ်။ ဒါကို Pollination လို့ခေါ်ပါတယ်။ အဖိုတွေဟာ Stamens တွေရှိပါတယ်။ အဲ့ဒီ Stamen တွေရဲ့ထိပ်မှာရှိတဲ့ anther(ဝတ်မှုန်အိတ်)လေးတွေက ဝတ်မှုန်(Pollen) လေးတွေကို ထုတ်လွှင့်ပေးပါတယ်။ တိရိစ္ဆာန်တွေမှာရှိတဲ့ သုတ်(Sperm) နဲ့ အတူတူပါပဲ။ အမတွေမှာတော့ အဲ့ဒီ Pollen တွေကိုလက်ခံပေးတဲ့ Pistils လို့ခေါ်တဲ့အရာတွေရှိပါတယ်။ ဒီလိုနည်းနဲ့ သူတို့မျိုးပွားကြတာပါ။

ပိုးကောင်တွေ နဲ့ အပင်တွေဟာ တစ်ခုပေါ်တစ်ခုအပြန်အလှန်မှီခိုနေကြတာပါ။ ပိုးကောင်တွေက ဝတ်မှုန်ကူးဖို့အတွက် ချိုမြိန်တဲ့ရနံတွေနဲ့ ဆွဲဆောင်ခံရပြီး ဝတ်ရည်တွေနဲ့ ဝတ်မှုန်လေးတွေကို ကူးလူးသယ်ဆောင်ပေးကြပါတယ်။ သူတို့အသိုက်ဆီ သယ်ဆောင်ပြီးပြန်တဲ့လမ်းမှာ အဖိုအပင်ကော၊ အမအပင်ကောပါ နှစ်ခုလုံးအပေါ်မှာ ကူးလူးပျံသန်းလေ့ရှိပါတယ်။ အဲဒီလိုနည်းနဲ့ ပန်းပွင့်လေးတွေပေါ်မှာ Pollen တွေက အောင်အောင်မြင်မြင် သယ်ယူပို့ဆောင်ခြင်းခံလိုက်ရပါတယ်။ ပန်းပင်တွေရဲ့ပင်စည်၊ အစေ့၊ အသီး၊ အမြစ်တွေက အင်းဆက်ကမ္ဘာအတွက် အစားအစာနဲ့ အရိပ်အာဝရအောင် ထောက်ပံ့ပေးပါတယ်။

Angiospermလို့ ခေါ်တဲ့ ပန်းပွင့်တဲ့အပင်တွေက ငှက်တွေနဲ့ လင်းနို့နှစ်မျိုးလုံးအတွက်လည်း ဝတ်ရည်တွေကို ပေးစွမ်းကြသလို Angiosperm ရဲ့အသီးတွေကလည်း အပင်စားသတ္တဝါ၊ အစုံစားသတ္တဝါတွေအတွက် ချိုမြိန်ပြီး အရသာရှိတဲ့အရာတွေပါပဲ။

အဲဒါကြောင့် ပိုးကောင်လေးတွေနဲ့သတ္တဝါတွေရဲ့အနာဂတ်လှပအောင် ကမ္ဘာပေါ်မှာ ရှိနေတဲ့အပင်တွေအားလုံးက ပန်းပွင့်လေးတွေကို ပိုင်ဆိုင်ထားရတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top