မန်ယူတိုက်စစ်မူး မိုဗစ် ရာသီမကုန်ခင် အသင်းမှထွက်ခွာဖွယ်ရှိနေ

zajbstrtjlrt1g5tic5aoun9l.jpg

မန်ယူအသင်းတိုက်စစ်မှုး အီဗရာဟီမိုဗစ်ဟာ ရာသီမကုန်ခင် မန်ယူအသင်းက နေ ထွက်ခွာဖွယ်ရှိ နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဆွီဒင် တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ယူအသင်းနဲ့ တစ်နှစ်စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ ဒူးဒဏ်ရာ ပြန်လည်သက်သာလို့ မန်ယူအတွက် ပြန်ကစားနေသူပါ။ ဒါပေမယ့် မန်ယူတိုက်စစ်မှုးဟာ သူရဲ့ စာချုပ်သက်တမ်းမကုန်ခင် ရာသီကုန်ဆုံးချိန်မှာ မန်ယူအသင်းကနေ ထွက်ခွာပြီး တရုတ်ကလပ် ဒါမှမဟုတ် အမေရိကန် ကလပ်တွေရဲ့ ကမ်းလှမ်းမူတွေကို လက်ခံဖွယ်ရှိနေတယ်လို့ Yahoo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန် မေဂျာလိဂ် နဲ့တရုတ်စူပါလိဂ် ပြိုင်ပွဲတွေဟာ မတ်လမှာ စတင်မှာဖြစ်လို့ လိဂ်နှစ်ခု စလုံးက ဘာစီလိုနာ တိုက်စစ်မှုးဟောင်း မိုဗစ်ကိုခေါ်ယူဖို့ ချိတ်ဆက်မူတွေရှိနေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။ မန်ယူကလည်း သူတို့အသင်းမှာ တိုက်စစ်မှုးမိုဗစ် တတိယရာသီ ဆက်ရှိမှာမဟုတ်ဘူးဆိုတာ ယုံကြည်နေတယ်လို့ သတင်းထွက်နေပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Mirror : Zlatan Ibrahimovic to leave Man United

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top