နွေရာသီမှာ အဖုအပိမ့်တွေ မပေါက်အောင် ဘယ်လိုနေထိုင်မလဲ

24-3-2020-yyl-048.jpg

ပူပြင်းလှတဲ့နွေရာသီက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အသားရေကို ကြမ်းတမ်းလာစေနိုင်ပါတယ်။ အပူချိန်ပြင်းတဲ့အတွက် ခန္ဓာကိုယ်က ချွေးထွက်လွန်းတာ၊ နေလောင်ဓာတ်တွေကြောင့် အရေပြားယားယံတာ၊ အသားရေနီးမြန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံနဲ့အဖုအပိမ့်တွေက နွေရာသီမှာတင်မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး ပေါက်နေတာပါပဲ။ ခန္ဓာကိုယ်မှာ ဝက်ခြံ၊ အဖုအပိမ့်တွေ မပေါက်အောင် ဂရုစိုက်ဖို့လိုလာပါပြီ။ အဲဒီအခြေအနေမျိုး မကြုံတွေ့ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

နွေရာသီမှာ ရေပုံမှန်ချိုးပေးပါ

နွေရာသီမှာ တစ်နေ့ကို အနည်းဆုံး (၃) ကြိမ် ရေချိုးဖို့ သတိရလိုက်ပါ။ ပုံမှန်ရေချိုးပေးတာက ဝက်ခြံပေါက်တာ၊ အဖုအပိမ့်ပေါက်တာကနေ ဝင်လာတာကနေ ဘတ်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နွေရာသီမှာဆိုရင် ချွေးထွက်တာ၊ ဖုန်ထူတာတွေများတဲ့အတွက် ဘတ်တီးရီးယားတွေ ပါလာပြီး ခန္ဓာကိုယ်မှာ အဖုအပိမ့်ပေါက်တာ၊ ဝက်ခြံပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်အသားရေကို သန့်ရှင်းအောင်၊ ရေဓာတ်ပြည့်အောင် နေထိုင်ပေးသင့်ပါတယ်။

ချွေးချွတ်ပေါင်းတင်ပေးပါ

ခန္ဓာကိုယ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပေါက်ရခြင်းရဲ့အဓိကအကြောင်းအရင်းက အရေပြားမှာ ဆဲလ်အသေတွေ စုပုံလာတာဖြစ်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် အသားရေကို ချွေးချွတ်ပေါင်းတင်ပေးဖို့ အရေးကြီးပါတယ်။ သင်က အဆီပြန်တဲ့အသားရေဆိုရင် တစ်ပတ်ကို အနည်းဆုံး (၃-၄) ကြိမ်လုပ်ပေးလို့ရပါတယ်။ ဆဲလ်အသေတွေနဲ့ အဆီ၊ အညစ်အကြေးတွေက သင့်အသားရေကို ကြမ်းတမ်း၊ မွဲခြောက်လာစေပြီး အဖုအပိမ့်တွေ ပေါက်လာစေပါတယ်။

ခပ်ပွပွအဝတ်အစားတွေကို ဝတ်ဆင်ပါ

နွေရာသီမှာ ခပ်ပွပွအဝတ်အစားတွေကို ဝတ်ဆင်တာက ချွေးထွက်ခြင်းမှ ကာကွယ်ပေးသလို လေဝင်လေထွက်လည်းကောင်းပါတယ်။ ချွေးကြောင့်ဖြစ်လာတဲ့ ဘတ်တီးရီးယားတွေနဲ့ အဖုအပိမ့်တွေပေါက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ခပ်ပွပွအဝတ်အစားတွေကို ဝတ်ဆင်တာက ပူပြင်းတဲ့ကာလတွေမှာ သက်တောင့်သက်သာရှိစေပြီး လှုပ်ရှားရတာလည်း လွတ်လပ်ပေါ့ပါးစေပါတယ်။

အနံ့အသက်ပျောက်ဆေးနဲ့ ပေါင်ဒါတွေကို အသုံးပြုပါ

နွေရာသီမှာ အနံ့အသက်ပျောက်ဆေးနဲ့ ပေါင်ဒါတွေကို အသုံးပြုဖို့ မမေ့ပါနဲ့နော်။ ပေါင်ဒါအသုံးပြုတာက တစ်နေ့တာလုံး လန်းဆန်းနေသလိုခံစားပြီး ချွေးထွက်နည်းစေတဲ့အပြင် အဖုအပိမ့်ပေါက်တာတွေလည်း ဖြစ်မလာနိုင်မှာဖြစ်ပါတယ်။

Ref: How to avoid body acne during summers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top