ခြင်တွေရဲ့မျိုးပွားနှုန်းကို Low-Frequency ဂီတသံနဲ့ ထိန်းချုပ်လာနိုင်

skrillex.jpg

အကြောင်းအရာကတော့ တကယ့်ကိုထူးထူးခြားခြားပါ။ ဒီလေ့လာမှုကို Acta Tropica ဂျာနယ်မှာဖော်ပြခဲ့ပြီး အင်းဆက်တွေနဲ့ ခြင်တွေရဲ့မျိုးပွားမှုအလေ့အထနဲ့ အစာမှန်မှန်စားခြင်းပုံစံတွေကို သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။

အင်းဆက်တွေနဲ့ ခြင်တွေရဲ့မျိုးပွားမှုအလေ့အထနဲ့ အစာမှန်မှန်စားခြင်းပုံစံတွေကို သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်

ထူးခြားနေတဲ့ရလဒ်ကတော့ ဒီလိုပါ။ အီလက်ထရိုဂီတအဖွဲ့ဖြစ်တဲ့ SKRILLEX ရဲ့ “Scary Monsters and Nice Sprites” ဂီတသံကို အင်းဆက်တွေအတွက် ဖွင့်ပေးထားချိန်မှာ သူတို့ဟာ အစာမစားနိုင်လောက်အောင် အနှောင့်အယှက်ဖြစ်ကြသလို မိတ်လိုက်ဖို့လည်း ဒုက္ခတွေ့ကြရပါတယ်တဲ့။

အီလက်ထရိုဂီတအဖွဲ့ဖြစ်တဲ့ SKRILLEX ရဲ့ “Scary Monsters and Nice Sprites” ဂီတသံကို အင်းဆက်တွေအတွက် ဖွင့်ပေးထားချိန်မှာ သူတို့ဟာ အစာမစားနိုင်လောက်အောင် အနှောင့်အယှက်ဖြစ်ကြသလို မိတ်လိုက်ဖို့လည်း ဒုက္ခတွေ့ကြရ

အဓိကထားလေ့လာခဲ့တဲ့ ခြင်မျိုးစိတ်ကတော့ ငှက်ဖျားရောဂါကိုဖြစ်စေတဲ့အပြင် ရောဂါမျိုးစုံကိုသယ်ဆောင်နေတဲ့ အေးဒီးစ်ခြင်တွေပါ။ Skrillex ရဲ့ အီလက်ထရောနစ်ဂီတသံဟာ ခန္ဓာကိုယ်ကိုပါ လာတုန်ခါစေတဲ့ Low-frequency အားများတဲ့ အသံတွေပါဝင်နေတာကြောင့် ဒီအသံကိုကြားရတဲ့ ခြင်တွေမှာ အစာစားဖို့နဲ့ မိတ်လိုက်ခြင်းမှာ အတော်အခက်အခဲဖြစ်သွားရခြင်းပါပဲ။

ဒီတွေ့ရှိချက်ကနေတစ်ဆင့် အေဒီးစ်ခြင်တွေကို ဂီတသံနားဆင်ရတဲ့အဖွဲ့နဲ့ ဂီတသံနားဆင်ရခြင်းမရှိတဲ့အဖွဲ့အဖြစ် အုပ်စုနှစ်စုခွဲပြီး ထပ်မံလေ့လာခဲ့ရာမှာ ဂီတသံကြားရတဲ့အဖွဲ့ဟာ မျိုးပွားဖို့အခက်တွေ့ရကြောင်း ကွဲပြား သေချာသွားပါတယ်။ ခြင်တွေဟာ လေလှိုင်းတုန်ခါမှုကို မခံနိုင်ကြပါဘူး။ သူတို့ကို သိပ်ပြီးကသိကအောက်ဖြစ်စေတာမို့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကြောင့် ပုံမှန်ဗာဟီရအလုပ်တွေကို မလုပ်ဆောင်နိုင်တော့တာဖြစ်ကြောင်း သိရပါတယ်။

ရောဂါပိုးကိုဖြန့်ဝေနေတဲ့ အေဒီးစ်ခြင်တွေကို ဒီနည်းလမ်းနဲ့ကန့်သတ်သွားနိုင်ဖို့ရှိလာပြီး ခြင်တွေရဲ့မျိုးပွားနှုန်းကို Low-Frequency များတဲ့အသံတွေ၊ ဂီတသံတွေနဲ့အသုံးချ ထိန်းချုပ်ပေးလာနိုင်ဖို့ ရှိနေ

ဒါကြောင့် ရောဂါပိုးကိုဖြန့်ဝေနေတဲ့ အေဒီးစ်ခြင်တွေကို ဒီနည်းလမ်းနဲ့ကန့်သတ်သွားနိုင်ဖို့ရှိလာပြီး ခြင်တွေရဲ့မျိုးပွားနှုန်းကို Low-Frequency များတဲ့အသံတွေ၊ ဂီတသံတွေနဲ့အသုံးချ ထိန်းချုပ်ပေးလာနိုင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

Ref: 9GAG ” Skrillex’s Dubstep Song Stops Mosquitos from Having Sex, Researchers Find”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top