ဇူလိုင်လ ၁ ရက်ကစပြီး ပြည်ပပြန်တွေကို ကွာရန်တင်းလုပ်မှာမဟုတ်တော့ဘူးလို့ စပိန်အစိုးရ ကြေညာ

26-5-2020-yyl-010.jpg

ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပြည်ပကနေ ဝင်ရောက်လာသူတွေကို ၂ ပတ်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု( Quarantine)လုပ်တော့မှာမဟုတ်ဘူးလို့ စပိန်အစိုးရက ကြေညာခဲ့ပါတယ်။ အဲဒီစည်းမျဉ်းကို တနင်္လာနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ခဲ့တာပါ။ ဗြိတိန်အစိုးရက ဇွန်လ ၈ ရက်ကစပြီး ပြည်ပက ပြန်လာသူတွေကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ဖို့ စီစဉ်နေချိန်မှာ စပိန်အစိုးရက အခုလို ကြေညာခဲ့တာပါ။

စပိန်နိုင်ငံဟာ ပုံမှန်အားဖြင့် တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် သန်း ၈၀ လာရောက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းက ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၁၂ ရာခိုင်နှုန်းကျော် ရှိပါတယ်။ နွေရာသီကာလမတိုင်ခင် အားလပ်ရက်အပန်းဖြေဈေးကွက်ကို ပြန်လည်ဖွင့်လှစ်ရေးက စပိန်နိုင်ငံရဲ့ စီးပွားရေးအတွက် အရေးကြီးတယ်လို့သတ်မှတ်ထားကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ မူဝါဒသစ်ကတော့ စပိန်နိုင်ငံနဲ့ တခြားပြည်ပခရီးစဉ်တွေ သွားရောက်ပြီး အိမ်ပြန်လာတဲ့ ဗြိတိန်နိုင်ငံသားတွေအနေနဲ့ ၂ ပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top