အလွန်ရသာရှိသော ကြက်ဆီထမင်း တစ်ပွဲဖန်တီးမယ်

c.jpg

– ရှမ်းဆန် ၂ လုံး
– ကြက်ပေါင် ၄ပေါင်
– ကြက်ဆီဖတ်(အရေခွံ) ၁၀ သား
– ကြက်ရိုး ၁ဝသား

– စပါးလင် ၁ ပင်
– ဂျင်း ၁လက်မ ခန့် ၁တုံး
– ဆား အနည်းငယ်
– သကြား
– ပဲအနောက်ရည်
– ငရုတ်ကောင်း ။
– ခရုဆီ
– ကြက်သွန်ဖြူ ၁၀ မွှာ

– ကြက်ဆီဖတ်(အရေခွံ)များကို ဆီအနည်းငယ်ထည့်၍ ကြော်ပါ။ ကြက် အရေခွံများကို ဖယ်ပြီး ကြက်သွန်ဖြူ ၅ မွှာနုတ်နုတ်စင်း ဂျင်း ၅ ပြားခန့် ပါးပါးလှီးပြီးဆီ ချက်ချက်ထားပါ။

– ကြက်ပေါင် ၄ပေါင် နှင့် ကြက်ရိုးကို ရေဆေးပြီး ကြက်သွန်ဖြူ ဂျင်း စပါးလင် ဆားအနည်းငယ်ထည့်ပြီး ပြုတ်ထားပါ။ ပြုတ်နေစဉ် အပေါ် အမြုပ်များကို ဖယ်ပြစ်ပြီး ၃၀ မိနစ် ခန့်ပြုတ်ထားပါ။

– ကြက်သားနူးလျှင် ကြက်သားများ ဖယ်ပြီး ပိုသော ကြက်ပြုတ် ရည်ကို အအေးခံထားပါ။ ကြက်သားကို ပြုတ်ထားသော အတိုင်းကြိုက်လျှင် အရှည်လိုက်လှီးထားပါ။
(ဆီ ရေ အနည်းငယ် ခရုဆီ အနောက်ရည် သကြား ငရုတ်ကောင်းတို့နှင့်နယ်ပြီး အဖုံးအုပ်ပြီး ၅ မိနစ်ခန့် ကြော်ပါတယ်။)

– ဆန်ကိုရေဆေးပြီး ထမင်းပေါင်းအိုးထဲထည့်ပါ။ ကြက်ဆီချက် နှင့် ကြက်ပြုတ်ရေ အပါအဝင် ရေနို့ဆီဘူး ၃လုံး ထည့်ပါ။သကြား ဆား ဂျင်း ၃ပြား ခန့် ထည့်၍တည်ပါ။
သခွားသီး နံနံပင် အချဉ် တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။

– အချဉ် က chili sauce (သို့) ကြက်သွန်ဖြူ ငရုတ်သီးစိမ်း

– ဂျင်း ပဲငံပြာရည် အကြည်/အနောက် သံပုရာသီး သကြားရောဖျော်တာနှင့်လည်း တွဲဖက်စားနိုင်ပါတယ်။

– ကြက်ပြုတ်ရည်ပိုပါက ဆား ကြက်သားမှုန့် ငရုတ်ကောင်း ကျောက်ဖရုံသီးတို့နှင့် ဟင်းချို ချက်နိုင်ပါတယ်။

ဒီလိုဆိုရင် အားလုံးအတွက် ကောင်းမွန်သော ကြက်ဆီထမင်း ဖြစ်လို့သွား
ပါပြီ။

သတင်းနှင့် ဓာတ်ပုံ – chatkyekyasot

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top