၈ နာရီအတွင်း ပန်ကိတ်မုန့်ပေါင်း ၁၇၀၀၀ ကျော်ကို တည့်ခင်းကျွေးမွေးနိုင်ဆုံး ကမ္ဘာ့စံချိန်ကို အဖွဲ့အစည်းတစ်ခုက ချိုး

12.7.23-yyl-16.jpg

အယ်လဗားတားပြည်နယ်မှာ ကြိုးကွင်းပစ်တာ၊ မြင်းရိုင်းစီးတာတွေမှာ အစွမ်းပြ ယှဉ်ပြိုင်ကြတဲ့ နွားကျောင်းသားပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်တဲ့ The Calgary Stampede (အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း) ဟာ ၈ နာရီအတွင်း ပန်ကိတ်မုန့်ပေါင်း ၁၇၀၀၀ ကျော်ကို တည့်ခင်းကျွေးမွေးနိုင်တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးခဲ့ပါတယ်။

“The Calgary Stampede က စုစုပေါင်း ပန်းကိတ် ၁၇၁၈၂ ခုနဲ့ ၈ နာရီအတွင်း ပန်ကိတ်အများကြီး တည်ခင်းကျွေးမွေးနိုင်ဆုံး ကမ္ဘာ့ဂင်းနက်စ်စံချိန်အသစ်ကို ကိုင်ဆောင်ထားသူပါ။ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းမှာ တရားဝင်အကဲဖြတ်တဲ့သူ ဘရစ်တနီက စံချိန်ကို အတည်ပြုပေးဖို့ ရှိနေခဲ့ပါတယ်။ တရားဝင်အားဖြင့် ပန်ကိတ် ၁၅ ခုက စည်းကမ်းနဲ့မညီလို့ ဖယ်ပစ်ခဲ့ရပေမဲ့ ၄ နာရီအတွင်း ပန်ကိတ် ၂၉၀၀ ကျော်တည်ခင်းကျွေးမွေးခဲ့တဲ့ စံချိန်အဟောင်းကို ချိုးခဲ့တယ်”လို့ the Calgary Stampede အဖွဲ့အစည်းက အင်စတာဂရမ်မှာ တင်ထားပါတယ်။

Calgary Stampede ရဲ့ ပထမဆုံး နွားကျောင်းသားပွဲတော်ကို ၁၉၁၂ ခုနှစ်မှာ ကျင်းပခဲ့ပြီး အဲဒီကတည်းက ခေတ်မီတဲ့အခမ်းအနားတစ်ခုအဖြစ် တခမ်းတနားပြုလုပ်လာခဲ့တာပါ။

Ref: 17,000 Pancakes Served In 8 Hours To Break World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top