ရွှေဒင်္ဂါးပြား ရာနဲ့ချီတွေ့လို့ နေ့ချင်းညချင်း သူဋ္ဌေးဖြစ်သွားသူ

12.7.23-yyl-13.jpg

ကင်တက်ကီပြည်နယ်မှ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ကျေးလက်ခြံထဲကနေ ပြည်တွင်းစစ်ကာလ ဒင်္ဂါးပြား ၇၀၀ တူးဖော်တွေ့ရှိခဲ့လို့ နေ့ချင်းညချင်း သန်းချီချမ်းသာတော့မှာပါ။ ” ကင်တက်ကီပြည်နယ်မှ ဧရာမပွပေါက်တိုးမှု”လို့ တင်စားကြတဲ့ ဒီဖြစ်ရပ်မှာ ၁၈၅၀ ပြည့်နယ်ကနေ ၁၈၆၂ ခုနှစ်ကြား အမေရိကန်ရွှေဒေါ်လာပြား ရာချီ တွေ့ရှိခဲ့သလို ၁၈၆၃ ခုနှစ် Double Eagles ရွှေဒင်္ဂါးပြား၊ ငွေဒင်္ဂါးပြားတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒင်္ဂါးပြားတွေ တွေ့ရှိခဲ့တဲ့နေရာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ အဲဒီအမျိုးသားက လက်ရှိအချိန်အထိ ဒင်္ဂါးပြားတွေ ထပ်တူးဖော် တွေ့ရှိနေတုန်းပဲလို့ ဆိုပါတယ်။ သူ တွေ့ရှိခဲ့တဲ့ ဒင်္ဂါးပြားတွေထဲမှာ ၉၅ ရာခိုင်နှုန်းက ရွှေဒင်္ဂါးပြားတွေ ဖြစ်ပါတယ်။ အရှားပါးဆုံး ဒင်္ဂါးပြားကတော့ ၁၈၆၃ ခုနှစ် လေဘာတီ ရွှေဒင်္ဂါးပြားဖြစ်ပြီး ဒေါ်လာသိန်းဂဏန်း တန်ကြေးရှိနိုင်တယ်လို့ GovMint.com မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းစစ်ကာလတုန်းက ကင်တက်ကီပြည်နယ်ဟာ ယူနီယံနယ်မြေနဲ့ ကွန်ဖက်ဒရိတ်နယ်မြေကြားမှာရှိတဲ့ နယ်နမိတ်တစ်ခု ဖြစ်ခဲ့တာပါ။ ၁၈၆၃ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လကြားကာလအတွင်း ကွန်ဖက်ဒရိတ်တပ်မှူး ဂျွန်ဟန့်မော်ဂန်က ဒီဒေသတစ်ဝိုက် စီးနင်းမှုမလုပ်ခင် ဒင်္ဂါးပြားတွေကို မြေမြှုပ်ခဲ့တာဖြစ်လိမ့်မယ်လို့ ဂျော်ဂျီယာတောင်ပိုင်းတက္ကသိုလ်မှ ရှေးဟောင်းပဋိပက္ခဆိုင်ရာ ပညာရှင် ရိုင်ယန်မက်နတ်က ဆိုပါတယ်။

Ref: Man discovers 700 Civil War coins worth millions buried at Kentucky farm

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top