မြို့တစ်မြို့မှာ တစ်နှစ်ကျော်အတွင်း အဓမ္မမှု ၄၀ ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ယောက်ကို ဖမ်းဆီး

10-6-2020-yyl-045.jpg

တစ်နှစ်ကျော်ကာလအတွင်း နိုင်ဂျီးရီးယားနိုင်ငံရဲ့ မြို့တစ်မြို့မှာ အဓမ္မပြုကျင့်မှု ၄၀ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဒန်ဂိုရာမြို့ အိမ်တစ်အိမ်မှာ အဲဒီအမျိုးသားက ကလေးတွေရဲ့အိပ်ရာထဲဝင်လာတုန်း ကလေးတွေရဲ့အမေနဲ့ ပက်ပင်းတိုးခဲ့တာပါ။ အဲဒီအမျိုးသားက ထွက်ပြေးသွားခဲ့ပေမဲ့ အိမ်နီးနားချင်းတွေက လိုက်လံဖမ်းဆီးပြီး ရဲလက်အပ်ခဲ့တာပါ။

ဒန်ဂိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှု ၄၀ ထဲမှာ အသက် ၈၀ အရွယ် အဘွားအိုနဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွေပါ ကျူးလွန်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မကြာသေးခင်ကာလအတွင်း အဓမ္မပြုကျင့်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့နောက် နိုင်ငံတစ်ဝန်း နာကျည်းခံပြင်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာက ဒီကိစ္စတွေကို ဖော်ထုတ်ပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာလည်း #WeAretired ဆိုတဲ့ ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပါတယ်။ ကာနိုပြည်နယ်ရဲ့ မြို့ငယ်တစ်မြို့ဖြစ်တဲ့ ဒန်ဂိုရာမြို့ဟာ ကာနိုမြို့ အနောက်တောင်ဘက် ၅၅ မိုင်အကွာမှာ တည်ရှိလို့ ရဲတပ်ဖွဲ့တွေ သွားရေးလာရေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top