စစ်မှုထမ်းနေတဲ့ Taecyeonအကြောင်းပြောပြလာတဲ့ Junho

t-2.jpg

JBTC ကထုတ်လွှင့်တဲ့ “Just between lovers” ဇာတ်လမ်းတွဲရိုက်ကူးမှု ပြီသွားပြီး နောက် 2PM အဖွဲ့ဝင် Junho မကြာသေးမီကမှ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မဝင်မနေရ စစ်မှုထမ်းရမယ့်အကြောင်းနဲ့ပတ်သက်ပြီး Junho ပြောပြတာက “အဖွဲ့ထဲကအကိုတွေကတော့ စစ်မှုထမ်းရတော့မယ့် အချိန် တဖြည်းဖြည်း ရောက်ရှိလာပြီဗျ။ တစ်ယောက်ပြီးတစ်ယောက်စစ်မှုထမ်းရတော့မယ်။ကျွန်တော်စစ်မှုထမ်းရမယ့် ကာလက မသေချာသေးမဲ့ မကြာခင် ရောက်လာတော့မယ်ထင်တယ်။နောက်နှစ်လောက်ဖြစ်မလား အဲ့ထက်နောက်ကျမလား မသိပေမယ့် နည်းနည်းချင်းစီ ပြင်ဆင်ထားပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

2PM အဖွဲ့ထဲမှာ ပထမဆုံးစစ်မှုထမ်းရတဲ့ Taecyeon အကြောင်းကိုလည်းJunhoကပြောပြခဲ့ပါတယ်။ “သူကကျွန်တော်တို့ထဲမှာပထမဆုံးပဲဗျ။ ဒါကြောင့် သူစစ်မှုသွားထမ်းချိန်မှာ ကျွန်တော်တို့အားလုံး သူ့ကိုလိုက်ပို့ပေးခဲ့တယ်။ ပရိသတ်တွေအားလုံးတော်ရုံမမြင်ဖူးတဲ့ သူ့ရဲ့ ယောက်ျားပီသမှုတွေကို ကျွန်တော် မျက်ဝါးထင်ထင်တွေ့လိုက်ရတယ်ဗျ။ သူကအရမ်းမိုက်တယ်။ ကျွန်တော်တောင်တွေးမိတယ်။ ဒီအကိုကြီးကအမြဲတမ်းယောက်ျားပီသခဲ့ရဲ့လားလို့။” ဆိုပြီးပြောသွားပါတယ်။

သူထပ်မံပြောပြတာက “ကျွန်တော်သူ့ကို ဘေးကင်းကင်းနဲ့ပြန်လာစေချင်တာဗျ။ဝန်ထမ်းတွေသူ့ကို သွားခါနီးနှုတ်ဆက်စကားပြောတုန်းက သူကပြန်မလာတော့ဘူး ဆိုပြီး ဟာသပြောသွားသေးတယ်။ အဲ့လိုသူပြောတော့ ကျွန်တော်တောင်စိတ်ထဲမကောင်းဘူးဖြစ်သွားတယ်။ ကျွန်တော်ဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေကြောင့် သူ့ဆီသွားမတွေ့ဖြစ်ဘူးဖြစ်နေတာ ဒီလတော့ သွားဖို့စီစဉ်ထားတယ်” လို့ပြောပြသွားပါတယ်။

27337157 985503148268098 2697082939131103567 n

27337352 985503174934762 9112831941325959436 n

2PM အဖွဲ့ရဲ့ ၉ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာလ ၄ ရက်နေ့တုန်းက Taecyeon ကဘယ်သူ့ကိုမှ အသိမပေးဘဲ လေ့ကျင့်ရေးတပ်မှာ စတင်လေ့ကျင့်နေတာဖြစ်ပြီး အခုတော့ တရားဝင်စစ်မှုထမ်းဆောင်နေပါတယ်။ 2PM ကိုအားပေးတဲ့ မြန်မာပရိသတ်တွေကရော Taecyeon တစ်ယောက် စစ်တပ်ထဲမှာ ဘယ်လိုပုံစံမျိုးလေးဖြစ်နေမယ်ထင်လဲ။ သိချင်ရင်ပုံလေးကိုနှိပ်ပြီး ကြည့်လို့ရတယ်နော်။

27544552 985503224934757 3626256599027517865 n

Ref: Allkpop: Junho discusses how it felt to watch Taecyeon going off to the military

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top